MNP ၊နိုဝင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့ ၏ ကျက်သရေဆောင် အမ်း -မအီလမ်းမြို့အဝင်(၁) မိုင်ကုန်းတော်ပေါ်၌ တည်ထ ား ကိုးကွယ်လျက်ရှိသော သဗ္ဗဇယျမုနိ ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးကုန်းတော်နှင့်နဂါးရုံးဘုရားကုန်းပရဝုဏ် ပတ်ဝန်းကျင်နှင့်လမ်းဘေးဝဲယာသန့်ရှင်းသာယာလှပရေးအတွက်ယနေ့နံနက် (၇) နာရီအချိန်တွင် အမ်းမြို့ရှိခရိုင်/မြို့ နယ် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင် ရွက်ခဲ့သည်။
အဆိုပါသန့်ရှင်းသာ ယာလှပရေးစု ပေါင်း ဆောင် ရွက်ခြင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိ ယတိုင်း မှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက် နှင့် အဖွဲ့ဝင်များ ကကြီးကြပ်၍ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန် ထမ်းများ၊တပ်ရင်းတပ်ဖွဲ့များမှတပ် မတော်သားများ၊မြို့နယ်ရဲတပ်ဖွဲ့၊မီး သတ်တပ်ဖွဲ့မှတပ်ဖွဲဝင်များ ရပ်ကွက်မှ ပြည်သူများက ပူး ပေါင်း၍ သဗ္ဗဇယျမုနိ
ဘုရားကုန်းတော်ပရဝုဏ်ပတ်ဝန်းကျင်၊ နဂါးရုံဘုရားကုန်းပတ်ဝန်းကျင့် နှင့်လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပရေးအ တွက် ခြုံနွယ် ပေါင်းမြက်များအားခုတ် ထွင်ရှင်းလင်းများအမှိုက်ကောက်ခြင်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment