ရွှေတောင်မြို့နယ်၌ ၂၀၂၃-ခုနှစ်၊ ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌ ၂၀၂၃-ခုနှစ်၊ ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ




MNP ၊  နိုဝင်ဘာ  ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နိုင်ငံသားများ၏ စားနပ်ရိက္ခာဖူလုံစေရေး၊ တောင်သူ လယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွား ရေးဘဝတိုးတက်ရေးတို့ကိုရည်ရွယ်၍ တောင်သူ လယ်သမား များလိုအပ်သော စိုက်ပျိုးစရိတ် ချေး ငွေများကို ထုတ်ချေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ၂၀၂၃-ခုနှစ် ၊ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို စတင်ထုတ် ချေးပေးလျက်ရှိ‌‌ကြောင်း သိရသည်။ထိုသို့ ဆောင်းရာသီ စိုက်ပျိုးစရိတ်‌‌ ချေးငွေများထုတ်ချေးမှုနှင့် ပတ်သက်၍  ရွှေတောင်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊မန်နေဂျာ ဒေါ်သီသီလှိုင် က တက်ရောက်လာသော တောင်သူများအား ငွေချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ၊ ပြန်လည်ပေးဆပ်ရမည့် အခြေအနေများနှင့် ကြွေးကျေ တောင်သူများကိုသာ ဦးစားပေး ထုတ်ချေးခြင်း ဖြစ်ကြောင်း၊ ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလကုန် သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တောင်သူတစ်ဦးချင်း အချက်အလက်များ ဖြည့်သွင်းခြင်း၊ လက်မှတ် ရေးထိုးခြင်းနှင့် ချေးငွေထုတ်ပေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။အဆိုပါ ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ရွှေတောင်မြို့နယ်အနေဖြင့် ဧက(၁၀၀၀)ထုတ် ချေးရန် လျာထားမှုအနက် ယနေ့တွင် သရက်သုံးပင် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆)ရွာမှ တောင်သူ (၉၃)ဦး၏ ဧက (၂၀၄)ဧကအတွက် တစ်ဧကလျှင် ကျပ် (၁၀၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း  ငွေကျပ် (၂၀၄၀၀၀၀၀/-)ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း နှင့် ကျန်ရှိ ကျေးရွာများမှ ကြွေးကျေတောင်သူများကိုလည်း ဆက်လက် ထုတ်ချေး‌‌ပေး သွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊တာဝန်ရှိသူထံမှ သိရသည်။


 https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)