ရှေ့တန်းရောက် တပ်မတော်သားများအား ထောက်ခံပွဲ ရန်ကုန်မြို့တွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေ့တန်းရောက် တပ်မတော်သားများအား ထောက်ခံပွဲ ရန်ကုန်မြို့တွင် ကျင်းပ







MNP ၊ နိုဝင်ဘာ ၁၂

ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ယနေ့နံနက်ပိုင်းက ရှမ်းပြည် (မြောက်ပိုင်း)တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သော KA, MNDAA, TNLA, AA အစရှိသော အကြမ်းဖက်သောင်းကျန်းသူများကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် ရှေတန်းရောက် တပ်မတော်သားများအား ထောက်ခံပွဲကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူများ၊ တပ်မတော်ကို ချစ်မြတ်နိုးသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆို ဖွင့်လှစ်ပြီး အကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောမှုများ ဆောင်ရွက်ခဲ့ကြသည်။

ရှေ့တန်းရောက် တပ်မတော်သားများကို ထောက်ခံသည့် အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများက နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်သားများ - ကျန်းမာပါစေ၊ KIA, AA, TNLA, MNDAA, BPLAနှင့် အကြမ်းဖက် PDF များအား - ဆန့်ကျင်ကြ အစရှိသော ဗီနိုင်းပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်ဆန္ဒပြခဲ့ကြောင်း သိရသည်။

နစကအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေကြသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို နိုင်ငံတော်နှင့် တပ်မတော်အပေါ်ချစ်မြတ်နိုးကြသော တိုင်းရင်းသားပြည်သူများက ကြိုဆိုထောက်ခံပွဲများပြုလုပ်ခဲ့ကြသည့် တာဝန်သိလုပ်သားပြည်သူများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)