MNP ၊ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှ (၁၈) ကြိမ်မြောက် ကလောမြို့ မဟာတန်ဆောင်တိုင် မီးရှော်တိုင်နှင့် မီးကြာစံအလှပဒေသာထွန်းညှိပူဇော်ပွဲအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ကလောမြို့ မြို့နယ်ခန်းမ၌ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး (၁၈) ကြိမ်မြောက် ကလောမြို့ မဟာတန်ဆောင်တိုင် မီးရှော်တိုင်နှင့် မီးကြာစံအလှပဒေသာ ထွန်းညှိပူဇော်ပွဲကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းငွေ ကျပ်သိန်း (၅၀၀) ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း တို့ကပေးအပ်ခဲ့ရာ ကလောတပ်နယ်မှူး စစ်ဦးစီးက္ကသိုလ်ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကြောင်း၊ ဆက်လက်၍ မဏိဇောတနေလကုမ္ပဏီ ဦးနေလနှင့် မိသားစုတို့က အလှူငွေကျပ် ကျပ်သိန်း (၁၁၀) ၊ကလောမြို့နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းက ကျပ်သိန်း (၁၅၀) ၊ ဦးကျော်မင်းထွန်း (BOC စက်သုံးဆီဆိုင်မှ ကျပ်သိန်း (၂၀) ၊ အာရှကမ္ဘာ မြေစက်မှုလုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းကုမ္ပဏီလီမိတက်မှ ကျပ်သိန်း (၂၀) ၊ တောင်ပေါ်ဒေသလမ်းဖောက်လုပ်ရေးကုမ္ပဏီမှ ကျပ်သိန်း (၂၅) သိန်း၊ ကလောမြို့ သတ္တုလုပ်ငန်းရှင်များက ကျပ်သိန်း (၂၅) သိန်း၊ Kalaw Villa (မြင်းက) Oh Si Mountain Co,Ltd မှ ကျပ်သိန်း (၂၀) ၊Winner Sing Co.,Ltd မှကျပ်သိန်း (၂၀)၊ ဦးမျိုးမင်းဦး (ပြည်လုံးကျော်ကုမ္ပဏီလီမိတက်) မှ ကျပ် (၁၀) သိန်း၊ ဦးကောင်းမြအောင် Kaung Paradise Co.,Ltd မှ ကျပ်သိန်း(၁၀)နှင့် EYTO Co.,Ltd မှ ကျပ်သိန်း(၃၀)တို့ကိုပေးအပ်ခဲ့ရာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးမြတ်အောင်ဌေးနှင့် အဖွဲ့ဝင် ဦးစိုးမင်းတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုလွှာများပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment