ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဌာနချုပ်မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှေ့တန်းစစ်မျက်နှာ အသီးသီးတွင်တိုက်ပွဲဝင် နေကြသည့်တပ်မ တော်သားများအတွက် ငွေကျပ် သိန်း ၂၀၀ ကျော်ဖိုး စားသောက်ဖွယ်ရာများ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဌာနချုပ်မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှေ့တန်းစစ်မျက်နှာ အသီးသီးတွင်တိုက်ပွဲဝင် နေကြသည့်တပ်မ တော်သားများအတွက် ငွေကျပ် သိန်း ၂၀၀ ကျော်ဖိုး စားသောက်ဖွယ်ရာများ လှူဒါန်း



MNP ၊ နိုဝင်ဘာ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဌာနချုပ်မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှေ့တန်း စစ်မျက်နှာအသီးသီးတွင်တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေ့တန်း စစ်မျက်နှာအသီးသီးတွင်တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများအတွက် ယမ်ယမ် ခေါက်ဆွဲ  (၁၆၀)ကဒ်၊ ရှူးရှဲလက်ဖက် (၁၀၀)ထုတ်၊ ဆေးပေါ့လိပ် (၁၂၀၀)စည်း၊ ကော်ဖီမစ် (၂၀)ဖာ၊ )ငပိဗူး (၂၀၀၀)ဗူး၊ ပဲပုတ် (၁၀၀) ပိဿာ၊ မရွေးမုန့် (၂၅)ဖာ တို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လှူဒါန်းခဲ့ခြင်းဖြစ်သည်။

လှူဒါန်းမှုအား ဌာနချုပ်ကိုယ်စား ရှမ်းပြည်နယ်(မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ ပြည်နယ်အတွင်းရေးမှူး၊ ပြည်နယ်ဘဏ္ဍာရေးမှူးနှင့် ပြည်နယ်ကော်မတီဝင်များမှ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သိုသွား ရောက်လှူဒါန်းခဲ့ပြီးစုစုပေါင်း လှူဒါန်းမှုတန်ဖိုးမှာသိန်း(၂၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည် (မြောက်ပိုင်း)တွင် အကြမ်းဖက် သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းကြောင့် အောက်တိုဘာ ၂၉ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)