မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၃)ကြိမ်မြောက် အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၃)ကြိမ်မြောက် အစည်းအဝေး ကျင်းပ


MNP ၊ နိုဝင်ဘာ ၆

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၈)၊ ပြည်ထောင်စုအစိုးရအဖွဲရုံး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်ပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်းများ တိုးမြှင့်တင်သွင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြသည်။ အဆိုပါ မတည်ငွေရင်းတိုးမြှင့်သည့် လုပ်ငန်းများ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇၈၃ သန်းနှင့် မြန်မာကျပ်ငွေ ၉,၈၄၀ ဒသမ ၀၅၅ သန်း ဖြစ်သည်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ သံမဏိနှင့် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ဆီထွက်သီးနှံ စိုက်ပျိုး၊ ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဦးစားပေးဖိတ်ခေါ်ကြောင်း ထုတ်ပြန်ကြေညာထားပြီး ယနေ့ အစည်းအဝေးတွင် ယင်းကဏ္ဍများနှင့် သက်ဆိုင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် မတည်ငွေရင်း ထပ်မံတိုးမြှင့်ခြင်းများလည်း ပါဝင်သည်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများကို စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)