ကော့သောင်းခရိုင် အမျိုသမီး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းခရိုင် အမျိုသမီး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်




MNP ၊နိုဝ◌ငျဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် ခရိုင်အမျိုးသမီး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင်နောင်ခန်းမ၌ ပြုလုပ်သည်။အစည်းအဝေးတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး  ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်အေး က ကော့သောင်းခရိုင်အတွင်း ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို မသန်စွမ်းသူများ စသည့် ထိခိုက်အုပ်စုများ အကြမ်းဖက်မှုများ မဖြစ်ပွားစေရေး၊ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ အမျိုးသမီးများအပေါ် နည်းလမ်းမျိုးစုံဖြင့် ခွဲခြားမှု မပျောက်စေရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြသည်။ယင်းနောက် အစည်းဝေးသို့ တက်ရောက်လာသည့် ခရိုင်အမျိုးကော်မတီဝင်များဖြစ်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခရိုင်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။အဆိုပါ အစည်းအဝေးတွင်း ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် အမျိုးသမီးကော်မတီများအဆင့်ဆင့်မှလည်း နည်းလမ်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်စေရေး၊ ဥပဒေကြောင်းအရ ပိုမိုအကာကွယ်ပေးနိုင်ရေးနှင့် အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုက်တက်ရေးတို့အတွက် ဦးစားပေး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရန်နှင့် တုံ့ပြန်မှုများ ဆောင်ရွက်ရန်အတွက် အသိပညာပေးခြင်းအပြင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ ပပျောက်စေရေး အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားကာ အစည်းဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)