နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မဖွင့်သေးသဖြင့် လားရှိုးမြို့တွင် ယခင်လက်ကျန် ကုန်စည်များသာရောင်းချနေရ - Myanmar National Post

Myanmar National Post

News Agency

Breaking

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မဖွင့်သေးသဖြင့် လားရှိုးမြို့တွင် ယခင်လက်ကျန် ကုန်စည်များသာရောင်းချနေရ



MNP ၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များကြောင့် တရုတ်နှင့်ကုန်သွယ်မှု လမ်းကြောင်းများတွင် ကုန်စည်စီးဆင်းမှုမရှိနိုင်သေးသဖြင့် ကုန်သည်များအနေဖြင့်  ယခင်လက်ကျန် ပစ္စည်းများကိုသာ အဓိကထား ရောင်းချနေကြရကြောင်း သိရသည်။

“အဓိကတော့ တရုတ်ပြည်ကနေတင်သွင်းတဲ့ပစ္စည်းတွေကို လတ်တလောအနေအထားအရ အခုပွင့်လင်းရာသီမှာ ကုန်စည်အသစ်ကို မတင်သွင်းနိုင်သေးဘူး။ လက်ရှိအခြေအနေမှာ လမ်းက မပွင့်သေးတော့ အရင်နှစ်က လက်ကျန်ကုန်ပစ္စည်းတွေနဲ့ပဲ ဈေးကွက်မှာ ရောင်းချနေကြရတယ်။” ဟု ကုန်သည် တစ်ဦးက ဆိုသည်။

လားရှိုးမြို့သည် တရုတ်နယ်စပ်နှင့်မဝေးလှသည့် ဒေသဖြစ်သည်နှင့်အညီ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ပစ္စည်းအများအပြား ရောင်းချသည့် မြို့လည်းဖြစ်သည်။  မိမိဒေသထွက်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်း၊ တရုတ်နိုင်ငံထုတ်ပစ္စည်းများ တင်ယူရောင်းချခြင်းများဖြင့် စီးပွားရေးကုန်သွယ်မှု ပြုလုပ်သည့် မြို့လည်းဖြစ်သည်။


စိုင်းထွန်း(လားရှိုး)

https://t.me/MyanmarNationalPost က

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)