မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသပေးလျက်ရှိ




MNP ၊ နိုဝင်ဘာ ၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျေးလက်နေပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိရာယမန်နေ့မွန်းလွဲပိုင်းက ငအင်းကျေးရွာအုပ်စု၊မင်းရပ်ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌အခြေပြုလျက် ကျေးလက်နေ ပြည်သူများအား တိုင်းရင်းဆေးဖြင့်(အခမဲ့)ဆေးကုသပေးခဲ့သည်။

ထိုသို့ ဆေးကုသရာတွင် မြို့နယ် တိုင်းရင်းဆေးကုဌာန၊ တိုင်းရင်းဆေးခန်းမှူး ဦးမြင့်ဦးက ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးအကြောင်းနှင့် ပတ်သက်၍အသိပညာပေး ဟောပြောခဲ့ပြီးကျေးလက်နေ ပြည်သူများအားသွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဒူးနာ၊ ခါးနာ၊ ချောင်းဆိုး၊ လေထိုး၊ လေအောင့်၊ အကြောတက်၊ ကိုက်ခဲ၊ သွေးတိုး၊ ဆီးချို၊ သွေးအားနည်း၊ အိပ်မပျော်၊ ထုံနာ၊ ကျဉ်နာ၊ အဆစ်ရောင်စသည့် ရောဂါခံစားနေရသူ ကျေးလက်နေပြည်သူ ၇၀ဦးအား စားဆေး၊ လိမ်းဆေးနှင့် လိုအပ်သော ဆေးဝါးများ ပေးခြင်းဖြင့် (အခမဲ့) ဆေးကုသပေးခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ        

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)