ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မီးခံဘိလပ်မြေပြားစက်ရုံ (မှော်ဘီ)နှင့် အမှတ်(၃၄)အကြီးစားစက်ရုံ(သာယာဝတီ)တို့ကို စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မီးခံဘိလပ်မြေပြားစက်ရုံ (မှော်ဘီ)နှင့် အမှတ်(၃၄)အကြီးစားစက်ရုံ(သာယာဝတီ)တို့ကို စစ်ဆေး


MNP ၊ နိုဝင်ဘာ ၁၈

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ရှိ မီးခံဘိလပ်မြေ ပြားစက်ရုံ(မှော်ဘီ)သို့ရောက်ရှိရာ စက်ရုံတာဝန်ခံက စက်ရုံသမိုင်းကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည်များဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပြတ် လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ငွေများပေးအပ်၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ရှိ အမှတ်(၃၄)အကြီးစားစက်ရုံ (သာယာဝတီ)သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက စက်ရုံမှထုတ်လုပ်သော ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာလျှင် ဈေးကွက်ဝေစုများစွာရရှိမည် ဖြစ်၍ ထုတ်လုပ်မှုနည်းစဉ်တစ်လျှောက်တွင် အရည်အသွေးစစ်ဆေးရမည့်နေရာများ သတ်မှတ်၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဈေးကွက်ကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်စေ ရေးအတွက် မိမိထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးကွက်သုတေသနပြုလုပ်သည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်ရုံရေရှည် ရပ်တည်လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်းအားလုံးမှ ညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူ၊ သတင်း၊ စာရွက် စာတမ်း၊ လုံခြုံရေးကိုလည်း အထူးအလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီး အိမ်သုံးကြွေထည်ပစ္စည်းအမျိုးမျိုး၊ ကြွေပြားများထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လက်ပံတန်းမြို့ရှိ ရွှေတောင်ကျောင်းတိုက်သို့သွားရောက်၍ ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကထံသို့ စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုများက လှူဒါန်းသည့် လှူဖွယ်ဝတ္ထုငွေနှင့် ပစ္စည်းများကိုဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)