(၁၁)ကြိမ်မြောက် အာဆီယံ-အမေရိကန် သိပ္ပံနှင့် နည်းပညာဆိုင်ရာဆွေးနွေးပွဲသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ မြန်မာကိုယ်စားလှယ် ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၁)ကြိမ်မြောက် အာဆီယံ-အမေရိကန် သိပ္ပံနှင့် နည်းပညာဆိုင်ရာဆွေးနွေးပွဲသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ မြန်မာကိုယ်စားလှယ် ပါဝင်တက်ရောက်




MNP ၊ နိုဝင်ဘာ ၁

(၁၁) ကြိမ်မြောက် အာဆီယံ-အမေရိကန် သိပ္ပံနှင့် နည်းပညာဆိုင်ရာဆွေးနွေးပွဲ (11th ASEAN-U.S. Consultations on Science and Technology, AUSCST) ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ၃၀-၁၀-၂၀၂၃ ရက်၊ (၀၈ ၁၅) နာရီမှ (၁၆ ၁၅) နာရီအထိ ကျင်းပခဲ့ရာ မြန်မာကိုယ်စားလှယ်အဖြစ် မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံမှူးကြီး ဒေါ်ထွေးထိပ်တင်လွင် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါဆွေးနွေးပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမုဒ္ဒရာများနှင့် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နှင့် သိပ္ပံရေးရာဌာန၊ ဒုတိယလက်ထောက်ဝန်ကြီး Ms. Rahima Kandahari နှင့် ဘရူနိုင်းနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Mr. Mohammad Nazri Mohammad Yusof  တို့က ပူးတွဲကျင်းပခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ကြရာ အမေရိကန်နိုင်ငံအစိုးရသည်  စိတ်သဘောထား တူညီသည့်နိုင်ငံများ အထူးသဖြင့် အာဆီယံအပါအဝင် မဟာမိတ်၊ မိတ်ဖက်နိုင်ငံများနှင့် ပူးတွဲ ဆောင်ရွက်မှုများ၊ ASEAN Smart Cities Partnership (USASCP) အစီအစဉ်၊  အမျိုးသမီးများအတွက် သိပ္ပံဆု 2023 Underwriters Laboratories− ASEAN-U.S. ၊ အာဆီယံ-အမေရိကန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုနှင့် မူဝါဒရေးရာကိစ္စရပ်များ၊ National Aeronautics and Space Administration (NASA) နှင့် အာဆီယံ ပူးတွဲဆောင်ရွက်သည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံဖြိုးမှုအစီအစဉ်၊ Embassy Science Fellows အစီအစဉ်၊ ဉာဏ်ရည်တုနည်းပညာသုံးစွဲမှု တို့နှင့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ 

မြန်မာကိုယ်စားလှယ်က မြန်မာနိုင်ငံအနေဖြင့် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးသက်ရောက်စေသည့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များဖြစ်သည့် Underwriters Laboratories- ASEAN-U.S. အမျိုးသမီးသိပ္ပံဆု၊ သိပ္ပံနှင့်နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဆိုင်ရာ အမျိုးသမီးများ (STEM) Webinar၊ ကျား/မတန်းတူပါဝင်ရေး အဓိကအရာများ၊ Artificial Intelligence -အာဆီယံအတွက် စီးပွားရေးနှင် မူဝါဒဦးစားပေးများ၊ U.S- ABC ပူးပေါင်း ဆောင်ရွက်မှု၊ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ-အမေရိကန် သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင် ပူးပေါင်းဆောင်ရွက်မှုများနှင့် သိပ္ပံနည်းကျစေ့စပ် ဆောင်ရွက်မှုများ အစီအစဉ်တို့တွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ အမေရိကန်နိုင်ငံမှ စွမ်းအင်ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၊ အမျိုးသားသိပ္ပံဖောင်ဒေးရှင်း National Science Foundation (NSF)၊ National Aeronautics and Space Administration (NASA)နှင့် USAID Bureau for Development ၊  Democracy and Innovation တို့၏ တာဝန်ရှိသူများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တို့သည် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု နယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)