MNP ၊ နိုဝင်ဘာ ၁
ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း(UNCAC)၏ နှစ်(၂၀)ပြည့် အထိမ်း အမှတ် အခမ်းအနားကို United Nations Office on Drugs and Crime(UNODC)က ကြီးမှူး၍ ၃၁-၁၀-၂၀၂၃ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ hybrid format ဖြင့်ကျင်းပခဲ့ရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ/ ကိုယ်စားလှယ်များနှင့်အတူ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဘာသာရပ်တာဝန်ခံ သံမှူး ဦးရဲမောင်သိမ်းတို့ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် UNODC အမှုဆောင်ညွှန်ကြားရေးမှူး Ms. Ghada Waly က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး၊ အထူးဧည့်သည်တော် ဩစတြီးယားနိုင်ငံသမ္မတ H.E. Mr. Alexander Van der Bellen နှင့် ဥရောပပါလီမန်၏ ဒုတိယဥက္ကဋ္ဌ(၁) Mr. Othmar Karas (Online ဖြင့်) တို့က မိန့်ခွန်းများပြောကြားခဲ့ပါသည်။ ထို့နောက် UNODC ၏ YouthLED Advisory Board အဖွဲ့ဝင် Ms. Serena Ibrahim ကလည်း လူငယ်ကိုယ်စားပြုဆွေးနွေးခဲ့သည်။
အခမ်းအနား၏ ဒုတိယအစီအစဉ်အဖြစ် ကျင်းပသော panel discussion တွင် ဩစတြီးယားနိုင်ငံ ဖယ်ဒရယ်တရားရေးဝန်ကြီး H.E. Ms. Alma Zadic၊ မက်ဆီကိုနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Luis Javier Campuzano Pina၊ အီဂျစ်နိုင်ငံအမြဲတမ်း ကိုယ်စားလှယ် H.E. Mr. Mohamed Hamdy Elmolla၊ Ban Ki-moon Centre for Global Citizens ၏အမှုဆောင် အရာရှိချုပ် Ms. Monika Frohler နှင့် OECD Working Group on Bribery ၏ ဥက္ကဋ္ဌဟောင်း Mr. Mark Pieth တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ တည်ထောင်သူနှင့် ပထမဆုံးအကြီးအကဲ(Dean) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Mr. Martin Kreutner က Moderator အဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့နောက် (၁၀)ကြိမ်မြောက် UNCAC အဖွဲ့ဝင်နိုင်ငံများ ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အမေရိကန်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် H.E. Ms. Laura S.H. HOLGATE က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းကို ၃၁-၁၀-၂၀၀၃ ရက် တွင် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၅၈/၄ ဖြင့်အတည်ပြု ချမှတ်ခဲ့ပြီး နောက် ၁၄-၁၂-၂၀၀၅ ရက်တွင် စတင်အာဏာသက်ဝင်ခဲ့ပါသည်။ လက်ရှိတွင် ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ နိုင်ငံရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment