MNP ၊ နိုဝင်ဘာ ၂၀
စစ်တွေမြို့မှဘူးသီးတောင်မြို့သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောက်ရှိနေသည့် ပညာရေးဝန်ထမ်းများ နှင့် မိသားစုဝင်များ ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ၊ စစ်တွေ တက္ကသိုလ် မှ အဝေးသင်ကျောင်းသား၊ ကျောင်းသူများ ၊ အခြားအစိုးရဝန်ထမ်းများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးကြပ်မှုဖြင့် ဘူးသီးတောင်မြို့မှ မောင်တောမြို့ သို့ ယနေ့ နံနက် ၁၁ နာရီ ၂၅ မိနစ် အချိန်ခန့်က အမှတ် ၁ အခြေခံ ပညာ အထက်တန်းကျောင်းသို့ မော်တော်ယာဉ်များ ဖြင့် ပြန်လည်ရောက်ရှိလာကြရာ တာဝန်ရှိသူက ကြိုဆို လက်ခံ ခဲ့ ကြသည်။ အဆိုပါ စစ်တွေတက္ကသိုလ်မှ အဝေးသင်စာမေးပွဲဖြေဆိုပြီး မြောက်၍ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား မောင်တောမြို့နယ်အတွင်းရှိ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် ပြန်လည်ရောက်ရှိလာရာ သက်ဆိုင်ရာ တာဝန်ရှိသူများက နေရပ်ပြန်မည့် ကျောင်း သား၊ ကျောင်း သူများအား စာရင်းများကောက်ယူပြီး သက်ဆိုင်ရာ ရပ်ကွက် ၊ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ စနစ်တကျ အပ်နှံကာ မိမိ နေရပ် ၊မိမိနေအိမ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ထို့ အပြင် သင်တန်းများပြီး မြောက်၍ ရောက်ရှိလာကြသော ပညာရေးဝန်ထမ်းများ နှင့် ကျန်းမာရေးဝန်ထမ်းများ ၊ ၎င်းတို့၏ မိသားစု ဝင်များ ၊ အခြား အစိုးရဝန်ထမ်းများ မိမိတာဝန်ကျရာ ရုံးဌာန ၊ကျောင်းများသို့
စိတ်အေးချမ်းသာစွာဖြင့် စနစ်တကျ ပြန်လည် ရောက် ရှိ နိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများက ပေါင်း စပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ မောင် တောမြို့နယ်သို့ ရောက်ရှိလာသော နေရပ်ပြန်မည့်ကျောင်းသား၊ကျောင်းသူများ ၊ သင်တန်းများပြီးမြောက်၍ ရောက် ရှိနေသည့် ပညာရေးဝန်ထမ်းများ နှင့် မိသားစုဝင်များ ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ၊ အခြားအစိုးရဝန်ထမ်းများမှာ အမျိုးသား ၁၄၆ ဦး ၊ အမျိုးသမီး ၁၈၁ ဦး စုစုပေါင်း ၃၂၇ ဦးရောက်ရှိလာပြီး တာဝန်ရှိသူများက စနစ်တကျ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန် (မောင်တော )
https://t.me/MyanmarNationalPost
No comments:
Post a Comment