နေပြည်တော် နိုဝင်ဘာ ၃
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ဝင်ရောက်လာသူများအား လက်ခံရေးအတွက် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်းနှင့် ပြန်လည်ဝင်ရောက်လာသူများ ယာယီနေထိုင်မည့် လှဖိုးခေါင်ကြားစခန်းတို့ကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
အဆိုပါ စခန်းများအနက် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းနှင့် ငါးခူရ ပြန်လည်လက်ခံရေးစခန်းတို့သို့ နေရပ်စွန့်ခွာသူများ ရောက်ရှိလာပါက လူတစ်ဦးတစ်ရက်လျှင် စားစရိတ်ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် ရန်ပုံငွေခွင့်ပြုထားပြီး လူသုံးကုန်ပစ္စည်း (ကျား လုံချည်/ မလုံချည်၊ စောင်၊ တီရှပ်၊ ဆပ်ပြာ) တို့ကို လူဦးရေအလိုက် ထောက်ပံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်း၊ စစ်တွေခရိုင် ဦးစီးမှူးရုံးနှင့် မောင်တောခရိုင် ဦးစီးမှူးရုံးတို့တွင် အရန်သင့်ထားရှိသည်။
ထို့ပြင် လှဖိုးခေါင်ကြားစခန်းတွင် ပြန်လည်ဝင်ရောက်လာသူများ ယာယီနေထိုင်စဉ် လူတစ်ဦး တစ်လအတွက် တစ်ယူနစ်နှုန်း (ဆန်ရှစ်ပြည်၊ ဆီ တစ်လီတာ၊ ဆား ၀ ဒသမ ၂၅ ပိဿာ၊ ကုလားပဲခြမ်း ၁ ဒသမ ၅ ပိဿာ) ထောက်ပံ့နိုင်ရေးအတွက် ရန်ပုံငွေခွင့်ပြုထားပြီးစခန်း၌ စုစုပေါင်းယူနစ် ၅၀၀ စာကို အသင့်ဝယ်ယူ သိုလှောင်ထားရှိသည့်အပြင် မီးဖိုချောင်သုံး ပစ္စည်းစုံ (Kitchen Set) ၃၁၉၁ စုံ၊ မိသားစုပစ္စည်းစုံ (Family Kits) အစုံ ၆၀၀ ကို လှဖိုးခေါင်ကြားစခန်းနှင့် မောင်တောခရိုင်ဦးစီးမှူးရုံးတို့တွင် အရန်သင့်ထားရှိပြီး မိသားစုတစ်စုလျှင် တစ်စုံနှုန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment