ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ စားသုံးဆီသိုလှောင်ကန်များနှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနအား စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ စားသုံးဆီသိုလှောင်ကန်များနှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနအား စစ်ဆေး



MNP ၊ နိုဝင်ဘာ ၆

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကြည့်မြင်တိုင်မြို့နယ် ထီးတန်းဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များ၌ စားသုံးဆီများ သိုလှောင်ထားရှိမှု၊ ဖြန့်ဖြူးပေးနေမှုနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနသို့ ရောက်ရှိပြီး အသေးစားနှင့် အလတ်စားထုတ်ကုန်ပစ္စည်းများ ပြခန်းနှင့်ရုံးအဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။


အဆိုပါ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန ပြန်လည်မွမ်းမံမှုမှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပြီးစီးမည်ဖြစ်ပြီး အသေးစားထုတ်ကုန် ပစ္စည်းပြပွဲများ၊ ဆွေးနွေးပွဲများနှင့် သင်တန်းများကို စနစ်တကျ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒေါပုံမြို့နယ် မင်းနန္ဒာလမ်းအနီးတွင် တည်ရှိသော မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (Myanmar Inspection and Testing Services Limited-MITS)သို့ ရောက်ရှိပြီး သွင်းကုန်ပစ္စည်းများအတွက် ပြည်တွင်းစားသုံးသူများ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးနိုင်ရေး အရည်အသွေးမှန်ကန်စွာ စစ်ဆေးရန်၊ ပြည်ပပို့ကုန်များ တင်ပို့ရာတွင် နိုင်ငံ့ဂုဏ်သိက္ခာ မြှင့်တင်နိုင်ရေးအတွက် ပို့ကုန်များကို သတ်မှတ်အရည်အသွေးပြည့်မီစေရေး စနစ်တကျစစ်ဆေးရန်နှင့် စစ်ဆေးမှုများကို ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)