ဓားစာခံများ မလွှတ်ပေးဘဲ ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးကို အစ္စရေး ဝန်ကြီးချုပ်က ထပ်မံ ပယ်ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓားစာခံများ မလွှတ်ပေးဘဲ ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးကို အစ္စရေး ဝန်ကြီးချုပ်က ထပ်မံ ပယ်ချ



တဲလ်အဗွီ ၊ နိုဝင်ဘာ ၅

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အဲဒီနေရာမှာ ထိန်းသိမ်းထားတဲ့ ဓားစာခံအားလုံးကို မလွှတ်ပေးဘဲ ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲရေး ကြေညာဖို့ အစ္စရေးက သဘောတူမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်သည်။

အစ္စရေး စစ်လေယာဉ်မှူးတွေနဲ့ တွေ့ဆုံမှုမှာ နေတန်ယာဟုက အစ္စရေးရဲ့ ပြိုင်ဘက်တွေဟာ အစ္စရေးကို ပေါင်းစည်းနိုင်တော့မှာ မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ “ကျနော်တို့က တညီတညွတ်တည်း တုံ့ပြန်ပြီး အခု ပခုံးချင်းယှဉ် တိုက်ခိုက်နေကြတယ်” ဟု ၎င်းက ဆိုသည်။

ဓားစာခံများ လွတ်မြောက်ခြင်းမရှိဘဲ အပစ်အခတ်ရပ်စဲရေး ရှိလာမည်မဟုတ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ ထိုကဲ့သို့သော စကားလုံး (အပစ်အခတ်ရပ်စဲရေး) ဝေါဟာရအသုံးအနှုန်း မသုံးနှုန်းသင့်ကြောင်း ဆိုသည်။ သူ့စကားအရ အစ္စရေးက ဟားမတ်စ်တို့ မရှုံးမချင်း ဆက်လုပ်ဖို့ကလွဲလို့ တခြားရွေးစရာမရှိပါဘူး။

အပစ်အခတ်ရပ်စဲရေး ကြေညာရန် အမေရိကန်အပါအဝင် အမျိုးမျိုးသော တောင်းဆိုမှုများ အပြီးတွင် အစ္စရေး ဝန်ကြီးချုပ်က ဂါဇာကမ်းမြောင်ဒေသရှိ ဓားစာခံများကို မလွှတ်ပေးပါက မဖြစ်နိုင်ကြောင်း ထပ်လောင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဂါဇာကမ်းမြှောင်မှ ဟားမတ်စ် စစ်သွေးကြွများက အစ္စရေးပိုင်နက်ကို တိုက်ခိုက်ပြီးနောက် နယ်စပ်အနီး အခြေချနေထိုင်သော အစ္စရေးအများအပြား သေဆုံးကာ ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် လူပေါင်း ၂၀၀ ကျော်ကို ပြန်ပေးဆွဲသွားပြီးနောက် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။ အစ္စရေးက ဂါဇာကမ်းမြှောင်ကို လုံးဝပိတ်ဆို့ထားကြောင်း ကြေညာပြီး လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အနောက်ဘက်ကမ်းတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။


Ref - TASS

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)