ကောလင်းမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟု ကြွေးကြော်ခဲ့သည့် KIA/PDF အကြမ်းဖက်သမား ၂၀၀ ခန့် သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကောလင်းမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟု ကြွေးကြော်ခဲ့သည့် KIA/PDF အကြမ်းဖက်သမား ၂၀၀ ခန့် သေဆုံး


MNP ၊ နိုဝင်ဘာ ၅

ကောလင်းမြို့နယ်အတွင်း KIA/PDF အကြမ်းဖက်သမားများ ခြေကုတ်ယူပြီး ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်နှင့် ရေနံ လျှံတွင်းများမှ ဆက်ကြေးကောက်ခံခြင်း၊ တရားမဝင် ရွှေတူးဖော်ခြင်းများကို လုပ်ဆောင်နေခဲ့ကြပြီး ကောလင်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်ဟု ကြွေးကြော်ကာ တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းကြောင့် တပ်မတော်မှ မလွဲသာ မရှောင်သာ နှိမ်နင်းခဲ့ရပြီး KIA/PDF အကြမ်းဖက်သမား ၂၀၀ ခန့် သေဆုံးသွားကြောင်း သိရသည်။

ကောလင်းမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများတွင် KIA/PDF နှင့်အတူ AA အကြမ်းဖက်သောင်းကျန်းသူများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း မသေဘဲ ကျန်နေသော KIA/PDF/AA အကြမ်းဖက်အဖွဲ့ဝင်များ ထီးချိုင့်မြို့နယ်ဘက်သို့ ထွက်ပြေး တိမ်းရှောင် သွားကြပြီး ဒဏ်ရာရသူများကို ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာရှိ တိုက်နယ်ဆေးရုံတွင် CDM ဆရာဝန်များက ကုသပေးနေပြီး ဗိုက်ပေါက်ထွက်နေသည့် အကြမ်းဖက်သမားများလည်း ပါဝင်ကြောင်း၊ တချို့မှာ ကုသရင်း သေဆုံးသွားသည်များ ရှိကြောင်း ဒေသခံက ဆက်သွယ်ပြောဆိုထားသည်။

ဒေသခံတစ်ဦးက ဒဏ်ရာရ KIA/PDF အကြမ်းဖက်သမားများအား ဆေးကုသပေးနေသည့် တိုက်နယ်ဆေးရုံ မြေပုံအညွှန်းနှင့်တကွ ပေးပို့ထားသည်။

(တာဝန်ရှိသူများ ရှင်းလင်းဆောင်ရွက်နိုင်ရန် ဒေသခံက အတိအကျ ပေးပို့ထားခြင်း ဖြစ်ပါသည်။)

        

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)