နောင်ချိုမြို့နယ်၊ အုမ္မသီးလမ်းခွဲတွင် TNLA အကြမ်းဖက်သောင်းကျန်းသူများကို အသေဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ်၊ အုမ္မသီးလမ်းခွဲတွင် TNLA အကြမ်းဖက်သောင်းကျန်းသူများကို အသေဖမ်းဆီးရမိ



MNP ၊ နိုဝင်ဘာ ၅

နောင်ချိုမြို့နယ်၊ အုမ္မသီးလမ်းခွဲအနီး တိုက်ပွဲတွင် TNLA အကြမ်းဖက်သောင်းကျန်းသူများကို တပ်မတော်မှ လက်ဖြောင့်တပ်သားက ပစ်ခတ်ခြေမှုန်းခဲ့ရာ အကြမ်းဖက်သမားအမြောက်အများ အသေရမိခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့အနီး အောက်တိုဘာ ၂၆ ရက်မှ စ၍ TNLA အကြမ်းဖက်သောင်းကျန်းသူများက ခရီးသွားပြည်သူများကို အနှောက်အယှက်ပေး ပစ်ခတ်မှုများ စတင်လုပ်ဆောင်ခဲ့ပြီး အင်အား ၅၀၀ ခန့် ရှိကြောင်း ဒေသခံတစ်ဦးက မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်ပြောဆိုခဲ့သည်။

အောက်တိုဘာ ၂၇တွင် ရှမ်းပြည်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ဖြစ်ပေါ်လာပြီး နောင်ချိုနှင့် ပြည်ဦးလွင်ကြားတွင်လည်း အကြမ်းဖက်သမားများ ရှိနေခြင်းကြောင့် လမ်းပိုင်းကို ပိတ်ထားခဲ့ရပြီး အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေး မြေပြင်၊ ဝေဟင် မှ ဆောင်ရွက်ခဲ့သည်။

နောင်ချိုမြို့နယ်အတွင်း TNLA အကြမ်းဖ်သောင်းကျန်းသူများက လျှပ်စစ်ဓာတ်အားခွဲရုံတစ်ရုံအား ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)