ရုရှားရေတပ် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ ချစ်ကြည်ရေး ဘော်လီ ဘောပြိုင်ပွဲ၊ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲများ ယှဉ်ပြိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားရေတပ် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ ချစ်ကြည်ရေး ဘော်လီ ဘောပြိုင်ပွဲ၊ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲများ ယှဉ်ပြိုင်






MNP ၊ နိုဝင်ဘာ ၅

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိ နေသည့် ရုရှားရေတပ် စစ်ရေယာဉ်များမှ  အရာရှိ၊ စစ်သည်များသည် မြန်မာ့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသို့ နိုဝင်ဘာလ ၄ ရက်နေ့တွင် လာရောက် လေ့လာရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုက်လံရှင်းလင်းပြသ ခဲ့ကြသည်။ 

အလားတူ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များလည်း ရုရှား စစ်ရေယာဉ်များသို့ သွားရောက်လေ့လာရာ ရုရှားစစ်ရေယာဉ်များမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ရေယာဉ်ပေါ်တွင်လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။

နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့တို့၌ ရုရှားစစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်မတော်(ရေ)မှအရာရှိ၊ စစ်သည်များ ချစ်ကြည်ရေး ဘော်လီ ဘောပြိုင်ပွဲ၊ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲနှင့် ချစ်ကြည်ရေးလွန်ဆွဲ ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့အပြင် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ပထမ အဆင့်အနေဖြင့် နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည်များဖြင့်  ဆိပ်ကမ်း အခြေပြု လေ့ကျင့်ခန်း(Harbour Phase) ဆောင်ရွက်ခဲ့ကြသည်။  

ရုရှား စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များသည် ရန်ကုန်မြို့သို့ ရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီး သွားရောက်လည်ပတ် ခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)