မြစ်သားမြို့၌ (၈၆) ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်ကြီးအား မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပဒေသာပင်များ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်သားမြို့၌ (၈၆) ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်ကြီးအား မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပဒေသာပင်များ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပ


MNP ၊ နိုဝင်ဘာ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့၌ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ၁၃၈၅ ခုနှစ် (၈၆)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်ကြီးအား မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပဒေသာပင်များ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပဒေသာပင်များလှည့်လည်ပွဲကို မြစ်သားမြို့ဝင်ဆိုင်းဘုတ်မှစ၍ တန်းစီနေရာယူကြပြီး ရွှေမုဋ္ဌောဘုရားကွင်းသို့ မြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်(၆)ရပ်ကွက်ရှိ  ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မော်တော်ယာဉ်လိုင်အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက ပြုလုပ်ထားသော ပဒေသာပင်ပေါင်း(၆၈)ပင်အား ရှေ့ဆုံးမှမြတ်စွာဘုရားအား ပင့်ဆောင်၍ နောက်မှအလှည့်ကျစီတန်းကာ ရပ်ကွက်ကျေးရွာအလိုက် ခေတ်ပေါ်တီးဝိုင်းများ၊ အိုးစည်ဒိုးပတ်ဝိုင်း၊ အဆို၊ အက၊ အတီးအမှုတ်များ၊ ရိုးရာဆင်ကအလှများ၊ ဘုံကထိန်ပွဲတော်ကာလတွင် ပျော်ရွှင်နှစ်လိုဖွယ် ပြုလုပ်ထားသော လူဝံရုပ်အကနှင့် မျောက်ရုပ်အကများ စသည့်ဖျော်ဖြေယာဉ်ကြီးများဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြသည်။ ထို့နောက် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသော ဘုရားဖူးပရိသတ်များနှင့် ဒေသခံပြည်သူများ စည်ကားလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ နိုဝင်ဘာလ(၂၇)ရက်နေ့တွင် ပင့်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး မဟာဒုတ်မဲနှိုက်၍ မဲပေါက်သူတို့က မြသပိတ်တော်၊ လက်ဝဲတော်ရံ၊ လက်ယာတော်ရံတို့အား ပင့်ဆောင်ပူဇော်ခြင်း ပဒေသာပင်များအား စာရေးတံမဲချ၍ မဲပေါက်သော ဘုန်းကြီးကျောင်းသို့အရောက် ပျော်ရွှင်စွာ ပို့ဆောင်လှူဒါန်းခဲ့ကြပြီး  ညပိုင်းတွင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ဆီမီးတစ်ထောင်များဖြင့် ထွန်းညှိဆက်ကပ် လှူဒါန်းပူဇော်သွားမည်ဖြစ်ကြောင်း  ရွှေမုဋ္ဌောဘုရားအကျိုတော်ဆောင်ဂေါပက ဦးကံညွန့်ထံမှ သိရသည်။


ဝင်းမင်းထွန်း(မြစ်သား)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)