နစကတာဝန်ရှိသူများ သိရှိနိုင်ပါရန် - Myanmar National Post

Myanmar National Post

News Agency

Breaking

နစကတာဝန်ရှိသူများ သိရှိနိုင်ပါရန်





အကြမ်းဖက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို မသိကျိုးကျွန်ပြုထားခြင်း၊ မနှိမ်နင်းဘဲ နေခြင်းက ပြည်သူလူထုအနေဖြင့် ကြီးမားသော နောက်ဆက်တွဲ ပြဿနာများဖြင့် ရင်ဆိုင်ရသည်ကို တွေ့မြင် သိရှိနားလည်နိုင်ရန် ဖြစ်ပါသည်။

ဖော်ပြပါ ဓာတ်ပုံမှတ်တမ်းများသည် KIA နှင့် PDF အကြမ်းဖက်အဖွဲ့များက မန္တလေး- ထီးချိုင့်- အင်းတော်လမ်းပိုင်းနှင့် မန္တလေး-ထီးချိုင့်-ငါးအိုး-ရွှေကူလမ်းပိုင်းအား ရက်အတန်ကြာ ပိတ်ထားလိုက်သည့်အတွက် ဗန်းမော်ဒေသခံတွေ စက်သုံးဆီအတွက် ဒုက္ခကြုံနေရကြောင်း ဖော်ပြထားသည်ကို တွေ့မြင်ရပါသည်။

အလားတူ ကလေးမြို့နယ်တွင်လည်း KIA/PDF အကြမ်းဖက်အုပ်စု၏ လုပ်ရပ်များကြောင့် ဒေသခံများ စက်သုံးဆီ အခက်အခဲနှင့် ရင်ဆိုင်နေရပြီး ဓာတ်ဆီ တစ်ဂါလံ ၅သောင်းကျော်အထိ ဈေးနှုန်းများမြင့်တက်လျက်ရှိပြီး ဝယ်ယူ၍မရပါ။

အကြမ်းဖက်သမားများသည် အများပြည်သူ အတိဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် အကြမ်းဖက်သမားများ၏ ဆောင်ရွက်ချက်များ အောင်မြင်နေသည်ဟု ပြဆိုခြင်း ဖြစ်ပါသည်။

အများပြည်သူ နေ့စဉ်လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရန် စီစဉ်ဆောင်ရွက်နေသော အစိုးရတာဝန်ရှိသူများက ဥပဒေဘောင်အတွင်း နေထိုင်သော ပြည်သူများ၏ အခက်အခဲကို ဖြေရှင်းနိုင်ရန် ဦးတည်ဆောင်ရွက်ခြင်း မရှိဘဲ အကြမ်းဖက်အုပ်စုများအပေါ် အလွန်အမင်း အခွင့်အရေးပေးထားခြင်းကြောင့် ရရှိလာသော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ချေသည်။

( အကြမ်းဖက်အုပ်စုများ ယခုကဲ့သို့ အလွန်အမင်း ရက်စက်ယုတ်မာသော အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေနိုင်ခြင်းသည် နစကအစိုးရမှ နှိမ်နင်းဆောင်ရွက်မှု ပျော့ညံ့လွန်းခြင်းကြောင့်သာ ဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံများတွင် ယခုကဲ့သို့ အကြမ်းဖက်အုပ်စုများက ကာလရှည်ကြာစွာ အကြမ်းဖက်လုပ်ရပ်များ စဉ်ဆက်မပြတ် ကျူးလွန်နိုင်ခဲ့သည့် အခြေအနေမျိုးမရှိပါ။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ရှေးရှုသော အစိုးရတစ်ရပ်အနေဖြင့် အကြမ်းဖက်နှိမ်နင်းရေးကို အလေးထားရမည်ဖြစ်ပြီး နစကအစိုးရ၏ မလိုလားအပ်သော ပျော့ပြောင်းမှုများကို အခွင့်ကောင်းယူ၍ ပြည်ဖျက်မိစ္ဆာများက စဉ်ဆက်မပြတ် မိုက်လုံးထွားကာ ဘက်ပေါင်းစုံမှ ပြည်သူလူထုကို အတိဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသကဲ့သို့ အကြမ်းဖက်အုပ်စုများ အားကောင်းမောင်းသန် လှုပ်ရှားနိုင်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ ချုပ်ငြိမ်းသွားခြင်းတွင် အစိုးရတစ်ရပ်၏ ကိုယ်တိုင်တွယ်မှုအပေါ်တွင် များစွာမူတည်နေပါသည်။)


Photo Crd -

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)