ရုရှား-မြန်မာနှစ်နိုင်ငံအကြား ငွေကြေးတန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာကိစ္စ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား-မြန်မာနှစ်နိုင်ငံအကြား ငွေကြေးတန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာကိစ္စ ဆွေးနွေး


MNP ၊ နိုဝင်ဘာ ၈

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Ros-Congress Investments Fund) မှ ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ရုရှား-မြန်မာနှစ်နိုင်ငံအကြား နိုင်ငံသုံးငွေကြေးနှင့် ကုန်စည်များ (သို့မဟုတ်) ငွေကြေး ပုံစံနှစ်မျိုးဖြင့် အသုံးပြုနိုင်သော ကုန်စည်များ ချိတ်ဆက်၍ ငွေကြေးတန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအပြန်အလှန် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်ပေးချေမှုများအတွက် နှစ်နိုင်ငံသုံးငွေကြေးအသုံးပြုမှုကို မြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံးနိုင်ငံများ၏ ကုန်သွယ်မှုအပေါ်မူတည်၍ ကုန်စည်များအစုအဖွဲ့ (Commodities Basket) ကို အသုံးပြုပြီး ဒစ်ဂျစ်တယ်ငွေရေးကြေးရေးဆိုင်ရာ ရရန်ပိုင်ခွင့် (Digital Financial Asset) တစ်ခု သတ်မှတ်၍ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်သွားနိုင်ရေးအတွက် နှစ်ဖက်ပူးတွဲလုပ်ငန်းအဖွဲ့က ဆက်လက်ညှိနှိုင်းဆောင်ရွက်သွား နိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ရုရှားနိုင်ငံဗဟိုဘဏ်တို့၏ ဦးဆောင်မှုဖြင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံဘက်မှ ရွေးချယ်ထားသည့် Evrofinance Mosnarbank နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ရွေးချယ်မည့် နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ်များမှ ဆက်လက်၍ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုကိစ္စရပ်များ ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ် ကောင်စီကော်မတီ၏ ဒုတိယဥက္ကဋ္ဌနှင့်အထက် လွှတ်တော်အမတ်၊ Evrofinance Mosnarbank ၏ ဥက္ကဋ္ဌ၊ ငွေရေးကြေးရေးဆိုင်ရာနည်းလမ်းများ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာရပ်ဆိုင်ရာ သုတေသနအဖွဲ့အစည်း၏ သုတေသနအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)