MNP ၊ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ရွှေညောင်ပင်လမ်းတွင် နိုဝင်ဘာ ၇ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် (၃၂)လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကာ အိမ်ထောင်စု (၃၂)စုမှ မီးဘေးသင့်ပြည်သူ ၁၆၁ ဦးရှိကြောင်း မြိုနယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲဝင်များ၊ ပြည်သူများပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများသည် နံနက် ၁၀ နာရီတွင် အဆိုပါ ထန်းတောရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မီးဘေးသင့်ပြည်သူများအား ယာယီတည်းခိုနေထိုင်နိုင်ရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှာက်မှု ပေးနိုင်ရေးတို့အတွက် ဆေးပေးခန်းများကို အဆိုပါ ထန်းတောရပ်ကွက်ရှိ ရွှေကြာဓမ္မဗိမာန်တော်တွင် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment