MNP ၊ နိုဝင်ဘာ ၆
မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံအခြေစိုက် ဗီယက်နမ် ကုန်သွယ်ရေးရုံးတို့ ပူးပေါင်းကျင်းပသော “ဗမာ-ဗီယက်နမ် ကုန်စည်ပြပွဲ ၂၀၂၃”(Bamar - Vietnam Trade Fair 2023) ကို ရန်ကုန်မြို့ Junction City Promotion Area တွင် နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ စည်ကားစွာကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ကုန်သည်/စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဂုဏ်ပြုအမှာ စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Ly Quoc Tuan က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဒေဝက အဖွင့် အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအခြေစိုက် ဗီယက်နမ်ကုန်သွယ်ရေးရုံး တာဝန်ခံ Mr. Nguyen Duong Kien က မိတ်ဆက်အမှာစကားပြောကြားကာ ဦးကျော်ဒေဝ၊ Mr. Nguyen Duong Kien ၊ ကုန်သည်/စက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးသန့်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ အိန္ဒိယ-မြန်မာကုန်သည်အသင်း ဥက္ကဋ္ဌ Mr. Naresh Kumar တို့က ဗမာ-ဗီယက်နမ် ကုန်စည်ပြပွဲ ၂၀၂၃ ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဗီယက်နမ်လုပ်ငန်းရှင်များက Food and Beverages ၊ Home Appliances and Electrical Devices ၊ Equipment and Materials of Construction, Agriculture and Manufacturing ၊ POS Solutions ၊ Lubricants and Engine Oil ၊ Clothes စသည်တို့ကို ခင်းကျင်းပြသကြပြီး မြန်မာ လုပ်ငန်းရှင်များကလည်း Export Quality Product များဖြစ်သော လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ စုံလင်စွာခင်းကျင်းပြသကြသည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဖက်ဆွေးနွေးနိုင်ရန် Business Matching နေရာ ကိုလည်း စီစဉ်ထားရှိကာ ဗီယက်နမ်ကုန်ပစ္စည်းများ မိတ်ဆက်ခွင့်ရရှိသကဲ့သို့ မြန်မာနိုင်ငံ၏ Made in Myanmar ကုန်ပစ္စည်းများ ပြည်ပဈေးကွက်သို့ ချဲ့ထွင်နိုင်မည့်အခွင့်အလမ်းများ ရရှိခဲ့သည်။
မြန်မာနိုင်ငံဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၏ ရည်ရွယ်ချက်များအနက် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသားလူမျိုး လုပ်ငန်းရှင်အချင်းချင်းအပြင် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များနှင့်ပါ ချိတ်ဆက်ပြီး စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရန်၊ ဒေသထွက်ကုန်ပစ္စည်းများကို Value-added ပြုလုပ်၍ နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက်နိုင်စေရန် စသည့်အချက်များလည်း ပါဝင်ခြင်းကြောင့် ယခုကဲ့သို့ ကုန်စည်ပြပွဲများ ကျင်းပရခြင်းဖြစ်သည်။ အသင်းက ဦးဆောင်၍ ၂၀၂၃ ခုနှစ်အတွင်း ကုန်စည်ပြပွဲများ ကျင်းပခြင်းမှာ ယခုအကြိမ်သည် သုံးကြိမ်မြောက်ဖြစ်သည်။ ကုန်စည်ပြပွဲများ ယခုကဲ့သို့ ကျင်းပရခြင်းကြောင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment