အောက်တိုဘာလအတွင်း PDF အကြမ်းဖက်သမားများနှင့် အကြမ်းဖက်သောင်းကျန်းသူ ၃၅၀ ကျော် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောက်တိုဘာလအတွင်း PDF အကြမ်းဖက်သမားများနှင့် အကြမ်းဖက်သောင်းကျန်းသူ ၃၅၀ ကျော် ဖမ်းဆီးရမိ



MNP ၊ နိုဝင်ဘာ ၆

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ CRPH, NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများက နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိရာ စဉ်ဆက်မပြတ် နှိမ်နင်းဆောင်ရွက်နေရပြီး အောက်တိုဘာ လအတွင်းက အကြမ်းဖက်သမား ၃၅၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စာရင်းများအရ သိရသည်။ 

တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ဖမ်းဆီးရမိခဲ့သော စာရင်းများအရ PDF အကြမ်းဖက်သမားများနှင့် အကြမ်းဖက်သောင်းကျန်းသူ ၃၁၈ဦး ကို အသေဖမ်းဆီးရမိပြီး ၃၉ဦး အရှင်ဖမ်းဆီးရမိခဲ့သည်။ အကြမ်းဖက်သမားများ အသုံးပြုသည့် လက်နက်ခဲယမ်း၊ လက်လုပ်မိုင်းအပြား သိမ်းဆည်းနိုင်ခဲ့သည်။

အောက်တိုဘာလအတွင်း PDF အကြမ်းဖက်အဖွဲ့ဝင် ၄၆ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ရာ တာဝန်ရှိသူများက နိုင်ငံတော်တည်ငြိမ်အေးချမ်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ထောက်ပံ့ငွေများ ပေး၍ မိဘအုပ်ထိန်းသူများထံ ပြန်လည် အပ်နှံပေးခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)