ပေါင်မြို့နယ်တွင် ကုန်အညွန်းအမှတ်အသားများ မှန်ကန်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ကုန်အညွန်းအမှတ်အသားများ မှန်ကန်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

MNP ၊  နိုဝင်ဘာ   ၂၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ထုတ်လုပ်ဖြန့်ဖြူးနေသည့် သောက်ရေသန့်များတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိရေးအတွက် တာဝန်ရှိသူများပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆးရာတွင် ပေါင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကာ ပေါင်မြို့နယ်အတွင်း၌  မိုးပွိုင့်နှင့် မြရည်ကန်သာ အမှတ်တံဆိပ်တို့ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေသည့် သောက်ရေသန့်စက်ရုံများသို့သွားရောက်ကာ အများပြည်သူအလွယ်တကူသိရှိနိုင်မည့် ကုန်အညွှန်းအမှတ်အသားများ ပါ/မပါနှင့် ပြည့်စုံမှန်ကန်မှု ရှိ/မရှိတို့အား စစ်ဆေးပြီး လိုအပ်သည်တို့ကို အသိပညာပေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။




https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)