MNP ၊ နိုဝင်ဘာ ၂၀
ရခိုင်ပြည်နယ်မာန်အောင်မြို့နယ်မှတောင်ကုတ်တက္ကသိုလ်တွင်အဝေးသင်တက်ရောက်နေသည့်ကျောင်းသား၊ကျောင်းသူများသည်စာမေးပွဲဖြေဆိုပြီးမြောက်၍ယနေ့နံက်၁၀နာရီခွဲကရွှေပြည်တန်၊ရွှေလင်းယုန်အမြန်ယာဉ်များဖြင့်မာန်အောင်မြို့နယ်သို့ ပြန်လည်ရောက်ရှိခဲ့ ကြောင်းသိရသည်။
အဆိုပါ ကျောင်းသား၊ကျောင်းသူများသည် ရွှေပြည်တန်အမြန်ယာဉ်တွင် ကျား( ၅၉)ဦး၊မ(၁၂၉ )ဦး၊ရွှေလင်းယုန်အမြန်ယာဉ်တွင်ကျား(၅၀)ဦး၊မ(၁၂၉ )ဦးလိုက်ပါလာကြရာ မာန်အောင်မြို့မ သင်္ဘောဆိပ်ကမ်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ရတခမရ(၃၅၄)မှခေတ္တတပ်ရင်းမှူးနှင့်အဖွဲ့များ၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှတာဝန်ရှိသူများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ကြိုဆိုပြီး စနစ်တကျ စီစစ်လက်ခံခဲ့ကြ ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment