MNP ၊ နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ပြည်သူများ နေ့စဉ် စားသောက်ရာတွင် စားသုံးဆီ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့နံနက် ၆နာရီခွဲက ကျွန်းလှမြို့၊ မြို့မစည်ပင်သာယာဈေး၌ ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်ပြီး ဆီတစ်ပိဿာငွေကျပ် ၅၂၀၀နှုန်းဖြင့် တစ်ဦးလျှင် ဆီ ၅၀ ကျပ်သားကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသာက်သာစွာ လူဦးရေ ၃၀၀ အား လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။
မျိုးဝင်းညို (ကျွန်းလှ)
https://t.me/MyanmarNationalPost
No comments:
Post a Comment