MNP ၊ နိုဝင်ဘာ ၁
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျကမိစ္ဆာများဖြစ်သည့် CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များက တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အကြမ်းဖက်လှုံ့ဆော်မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့၏ သြဇာခံ PDF, KIA, KNU အစရှိသော အကြမ်းဖက်အဖွဲ့အစည်းများက အကြမ်းဖက်လုပ်ရပ်များ စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေရပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာ (၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ စာရင်းများအရ PDF အပါအဝင် အကြမ်းဖက်သမား (၇၁)ဦးကို အသေဖမ်းဆီးရမိပြီး (၈)ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများ အသုံးပြုသည့် လက်နက်မျိုးစုံ (၂၆)လက်၊ ကျည်မျိုးစုံ (၁၀၂၆)တောင့်၊ ဗုံးသီး (၄၆)လုံး၊ မိုင်း (၈၃)လုံး နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။
အကြမ်းဖက်လှုပ်ရှားမှုသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဆိုးဆုံးအခြေအနေ ဖြစ်ပေါ်ခဲ့ပြီး ဖမ်းဆီးရမိ အကြမ်းဖက်သမားများ၊ အကြမ်းဖက်လှုံ့ဆော်သူများကို သက်ဆိုင်ရာ အရပ်ဘက်တရားရုံးများတွင်လည်းကောင်း၊ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များတွင်လည်းကောင်း ကျူးလွန်ခဲ့သည့် ပြစ်မှုအလိုက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေများဖြင့် ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment