နယူးယော့ခ်၊ နိုဝင်ဘာ ၄
အမေရိကန်နှင့် ဥရောပ တာဝန်ရှိသူများသည် ရုရှားနှင့် ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် သဘောတူညီချက်တစ်ခုရရှိရန် ကိယက်ဗ်မှ စွန့်လွှတ်ရမည့်အရာများအကြောင်း ၎င်းတို့၏ မိတ်ဖက်များ စတင်ဆွေးနွေးနေပြီဟု အမေရိကန်တာဝန်ရှိသူများကို ကိုးကား၍ NBC ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။
ပဋိပက္ခအဆုံးသတ်ရန် ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဖြစ်နိုင်ချေရှိသည့်အကြောင်း ယူကရိန်းအစိုးရနှင့် တိတ်တဆိတ် ပြောဆိုနေကြကြောင်း အစီရင်ခံစာက ဆိုသည်။
“ဆွေးနွေးပွဲတွေမှာ ယူကရိန်းအနေနဲ့ သဘောတူညီချက်တစ်ခုရဖို့အတွက် လက်လျှော့ဖို့ လိုအပ်တဲ့အရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပါတယ်” ဟု ၎င်းကဆိုသည်။
ဆွေးနွေးပွဲအချို့ကို ပြီးခဲ့သည့်လက ပြုလုပ်ခဲ့ကြောင်း NBC က ပြောကြားခဲ့သည်။ ပဋိပက္ခသည် ရှေ့မတိုး နောက်မဆုတ် ရောက်ရှိလာပြီး ယူကရိန်းအား အကူအညီများ ဆက်လက်ပေးအပ်နိုင်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ရောင်ပြန်ဟပ်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရုရှားသည် ယူကရိန်းနိုင်ငံတစ်ဝှမ်းရှိ အခြေအနေအမျိုးမျိုးအပေါ် ၎င်း၏အမြင်များကို ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က မော်စကိုသည် အကျပ်အတည်းအတွက် သံတမန်နည်းလမ်းအရ ဖြေရှင်းရန် အမြဲတမ်း လမ်းဖွင့်ထားဆဲဖြစ်ပြီး လေးနက်သော အဆိုပြုချက်များကို တုံ့ပြန်ရန် အသင့်ရှိကြောင်း၊ ကိယက်ဗ်အစိုးရသည် ရုရှားနှင့် စေ့စပ်ညှိနှိုင်းမှုများကို ရပ်ဆိုင်းထားခြင်းဖြစ်သည်။
Ref - TASS
https://t.me/MyanmarNationalPost
No comments:
Post a Comment