လားရှိုးမြို့တွင် ကျောက်တောင်ပေါ်မှ ကျောက်တုံးလှိမ့်ဆင်းကျလာသဖြင့် လူနေအိမ်အချို့ပျက်စီး၍ လူသုံးဦးဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် ကျောက်တောင်ပေါ်မှ ကျောက်တုံးလှိမ့်ဆင်းကျလာသဖြင့် လူနေအိမ်အချို့ပျက်စီး၍ လူသုံးဦးဒဏ်ရာရ





လားရှိုး နိုဝင်ဘာလ ၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ ရပ်ကွက်(၁)၊ ရွှေတောင်ကြားကွက်သစ်အနီးရှိ ကျောက်တောင်ပေါ်မှ ကျောက်တုံးလှိမ့်ဆင်းကျလာသဖြင့် လူနေအိမ်အချို့ပျက်စီး၍ လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နေအိမ်များအနီး ကျောက်တောင်ပေါ်ရှိ ကျောက်တုံးသည် ရုတ်တရက် လှိမ့်ဆင်းလာသောကြောင့် ၎င်းလှိမ့်ဆင်းလာရာ လမ်းကြောင်းပေါ်ရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြရကြောင်း သိရသည်။

အဆိုပါ ကျောက်တုံးလှိမ့်ဆင်းလာမှုကြောင့် လူသုံးဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို ဗေဒါမာန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် လားရှိုးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


စိုင်းထွန်း (လားရှိုး)

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)