MNP ၊ နိုဝင်ဘာ ၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူကျန်း မြို့၌ နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက် အထိ ကျင်းပမည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ ဝူကျန်းထိပ်သီးအစည်းအဝေး [The 2023 World Internet Conference – (WIC) Wuzhen Summit] သို့ တက်ရောက်ရန် ယမန်နေ့က လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဝူကျန်းမြို့သို့ ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Minister Counsellor ဖြစ်သူ Mr. Zheng Zhihong နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ယခုနှစ်ကျင်းပသည့် ကမ္ဘာ့အင်တာနက်ညီလာခံ (WIC)ကို “Creating an inclusive and Resilient Digital World Beneficial to All - Building a Community with a Shared Future in Cyberspace” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုအစပျိုးမှု၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ဉာဏ်ရည်တု နည်းပညာ၊ ကွန်ပျူတာစွမ်းရည် ကွန်ရက်၊ ဆိုက်ဘာလုံခြုံရေး၊ ဒေတာအုပ်ချုပ်မှု၊ လူငယ်နှင့် ဒစ်ဂျစ်တယ်အနာဂတ်၊ ဒစ်ဂျစ်တယ် သိနားလည်မှုနှင့် ကျွမ်းကျင်မှုမြှင့်တင်ရေး၊ ပုံစံသစ်နှင့် e-commerce ဖွံ့ဖြိုးတိုးတက်မှု၊ Digital Economy စသည့် ခေါင်းစဉ်များ ပါဝင်သည့် ဖိုရမ်ခွဲပေါင်း ၂၀ ကိုလည်း စီစဉ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment