ဂန့်ဂေါမြို့နယ်အတွင်း PDF အကြမ်းဖက်သမား ၉ဦး အသေဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့နယ်အတွင်း PDF အကြမ်းဖက်သမား ၉ဦး အသေဖမ်းဆီးရမိ




MNP ၊ နိုဝင်ဘာ ၈

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာအား ယနေ့ နံနက်ပိုင်းက PDF အကြမ်းဖက်သမား အင်အား ၁၀၀ ဦးခန့်မှ တောင်ဘက်နှင့် အနောက်ဘက်တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်သားများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြန်လည်ခြေမှုန်းခဲ့ရာ PDF အကြမ်းဖက်သမား ၉ ဦး အသေ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

နံနက် (၈ ၃၀) အချိန်တွင် ပစ်ခတ်မှုရပ်တန့်သွားခဲ့ပြီး ဖြစ်စဉ်အတွင်း ရန်သူ့ထံမှ အကြမ်းဖက်သမား ၉ လောင်း၊ M 79 သေနတ် ၁ လက်၊ AK-47 ၃ လက်၊ MA-1 သေနတ် ၁ လက်၊ လက်လုပ်ခါးချိုးသေနတ် ၁ လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်အတွင်း KIA/PDF အကြမ်းဖက်သမားများ အလွန်အမင်းဆိုးသွမ်းနေပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)