MNP ၊ နိုဝင်ဘာ ၇
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့က တရုတ် ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကကြီးမှူး၍ တရုတ်နိုင်ငံ Chongqing မြို့၌ ကျင်းပ သည့် “The Belt and Road Conference on Science and Technology Exchange” ဖွင့်ပွဲအခမ်းအနားသို့ ဒေသတွင်းသိပ္ပံနှင့် နည်းပညာဝန်ကြီးများနှင့်အတူ တက်ရောက်သည်။
ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ငယ်ရွယ်သော သိပ္ပံ ပညာရှင်များအတွက် ကျင်းပ သော “The Belt and Road Forum” ၌ လူငယ်သိပ္ပံပညာရှင်များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ ပြီး ယနေ့လူငယ်ပညာရှင်များ ၏ စွမ်းဆောင်ရည်၊ သုတေသနနှင့် တီထွင်ဖန်တီးနိုင်မှုသည် အနာဂတ်ကမ္ဘာနှင့် လူသားများအတွက် အလွန်အရေးပါကြောင်း၊ လူငယ်သိပ္ပံပညာရှင်များ အနေ ဖြင့် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ကမ္ဘာနှင့်လူသားများ အပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေ ရန် ဦးတည်ဆောင်ရွက်ရင်း မိမိတို့၏ စုပေါင်းအားနှင့် စွမ်းဆောင်ရည်များကို ပိုမိုကောင်းမွန်စေခြင်းကြောင့် ကြိုး ပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒေသတွင်းသိပ္ပံနှင့် နည်းပညာဝန်ကြီးများအစည်း အဝေးသို့တက်ရောက်ကာ “သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပိုမိုနီးကပ်သော ဆောင်ရွက်မှု တည်ဆောက်ခြင်း” အကြောင်းအရာနှင့် “တီထွင်ဆန်းသစ်မှုဖြင့် မောင်းနှင်သော ဖွံ့ဖြိုးတိုး တက်မှု ဆီသို့” အကြောင်းအရာတို့ကို အပြန်အလှန်ဆွေးနွေးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီး H.E Prof. YIN Hejun က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ ဒေသတွင်းသိပ္ပံနှင့် နည်းပညာဝန်ကြီးများနှင့် အတူ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment