KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဂွမ်မော်ဦးဆောင်၍ ကချင်ပြည်နယ်အတွင်းရှိ စစ်ရေးနှင့်မသက်ဆိုင်သော ရထားလမ်း၊ ကားလမ်းများနှင့် တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ နယ်မြေလုံခြုံရေး စခန်းငယ်များအား အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသဖြင့် တပ်မတော်မှ လိုအပ်သည့် တုန့်ပြန်မှုများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဂွမ်မော်ဦးဆောင်၍ ကချင်ပြည်နယ်အတွင်းရှိ စစ်ရေးနှင့်မသက်ဆိုင်သော ရထားလမ်း၊ ကားလမ်းများနှင့် တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ နယ်မြေလုံခြုံရေး စခန်းငယ်များအား အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသဖြင့် တပ်မတော်မှ လိုအပ်သည့် တုန့်ပြန်မှုများ ဆောင်ရွက်












MNP ၊ နိုဝင်ဘာ ၃

KIA အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ထာဝရငြိမ်းချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် လိုက်ပါဆောင်ရွက်ခြင်းမရှိသည့်အပြင် နယ်စပ်ဒေသကုန်သွယ်ရေး ပျက်စီးစေရန်နှင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက် စေရေးစသည့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားကို ထိခိုက်ပျက်စီးစေလိုသော ရည်ရွယ်ချက်များဖြင့် ကချင်ပြည်နယ်အတွင်း စစ်ရေးနှင့်မသက်ဆိုင်သော လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်လာခဲ့သည်။


KIA အဖွဲ့၏ ရထားလမ်းများအား မိုင်းထောင်ဖောက်ခွဲမှု အနေဖြင့် မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ မြစ်ကြီးနား-မန္တလေး သွားမီးရထားလမ်းပေါ်မှ အရှည် ၁၂၀ ပေရှိ တံတားအမှတ် (၅၅၅)အား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် လည်းကောင်း၊ ဟိုပင်မြို့၊ ကြာကြီးကွင်းကျေးရွာအုပ်စု၊ ငါးမိုင် ကျေးရွာ၏ မြောက်ဘက်မီတာ ၈၀၀ ခန့်အကွာ တံတားအရှည် ၃၂၀ ပေရှိ နန်းခွင် ချောင်းသံဘေလီ ရထားလမ်းကူးတံတားအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် နေ့တွင် လည်းကောင်း၊ ဟိုပင်မြို့၊ မြို့သစ်ကလေးကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာ တံတားအရှည် ၈၀ ပေရှိ ရေပေါက်ကြီး ရထားလမ်းကူး တံတားနှင့် တံတားအရှည် ၄၀ ပေရှိ နန်းသာယာ ရထားလမ်းကူးတံတားတို့အား  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တို့တွင် လည်းကောင်း ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။


အလားတူ ကားလမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲမှုအနေဖြင့် ဟိုပင်မြို့ ၏ မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာ မိုးညှင်း-ဟိုပင်-မိုးကောင်း-မြစ်ကြီးနား သွားကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်၊ ၃၅၆/၃၅၇ နေရာ တံတားအရှည် ၅၀ ပေရှိ တဝက်ချောင်းကူး ကွန်ကရစ်တံတား(ကားလမ်း)နှင့် တံတားအရှည် ၂၀ ပေရှိ တဝက်ချောင်းကူးတံတား (ရထားလမ်း)တို့အား ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့တွင် လည်းကောင်း၊ ရွှေကူမြို့၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက် ဆက်စပ်နေရာ အရှည်ပေ ၅၀ ပေရှိ ပေါင်းနက်ချောင်းကူးတံတားအား ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်နေ့ တွင်လည်းကောင်း၊ ကသာမြို့နယ်၊ ချောင်းဝကျေးရွာနှင့် ရွှေကူမြို့နယ်၊ မင်းကျောင်း ကုန်းကျေးရွာအား ဆက်သွယ်ထားသည့် ကောက်ကွေ့ချောင်းကူးကွန်ကရစ်တံတား အား ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် လည်းကောင်း၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ ကျေးရွာအုပ်စု၊ နောင်းပုံကျေးရွာအနီး မြစ်ကြီးနား-မန္တလေး သွားကားလမ်းပေါ် အရှည်ပေ ၆၀ ရှိ သံဘောင်ဘေလီတံတားအမှတ်၊ (၇၂၂) အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင်လည်းကောင်း ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ သည့်အပြင် လမ်း၊ တံတားများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။


ထိုသို့ စစ်ရေးနှင့်မသက်ဆိုင်သော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အသုံးပြုသွားလာလျက်ရှိသော ရထားလမ်း၊ ကားလမ်းနှင့် တံတားများအား ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် တိုင်းရင်းသားပြည်သူလူထု၏ သွားလာရေးကိုအခက်အခဲဖြစ်ပေါ် စေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအပေါ် များစွာထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။


ထို့အပြင် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး ညှိနှိုင်းဆဲကာလအတွင်း တပ်စခန်းများအား  တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် အကြိမ်ကြိမ် ဆက်သွယ်အသိပေး ပြောကြားခဲ့သော်လည်း KIA အနေဖြင့် တပ်မတော်၏ တပ်စုအဆင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် စခန်းငယ်များကိုလည်း သာလွန်အင်အားအသုံးပြု၍ အလစ်အငိုက် တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါတပ်စခန်းများသို့ KIO အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဂွမ်မော် ကိုယ်တိုင် သွားရောက်ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။


၎င်းအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် အသိပေးအကြောင်းကြား ခဲ့သော်လည်း KIA အဖွဲ့အနေဖြင့် တပ်မတော်၏ အသိပေးအကြောင်းကြားထားမှု အပေါ် မသိကျိုးကျွန်ပြုကာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ထို့အပြင် KIA အဖွဲ့အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်အနီးတွင် လက်နက်၊ ခဲယမ်းစက်ရုံများအား တည်ဆောက်၍ လက်နက်၊ ခဲယမ်းများ ထုတ်လုပ် ကာ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရာတွင် အသုံးပြုသကဲ့သို့ ပြည်တွင်း ရှိ အကြမ်းဖက်အဖွဲ့များကိုလည်း အဖျက်အမှောက်နှင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နောက်ကွယ်မှ လက်နက်၊ခဲယမ်းများပံ့ပိုးခြင်း၊ အားပေးအားမြှောက် ပြုခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။


ထို့ကြောင့် တပ်မတော်အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်မှုလုပ်ရပ်များ ထပ်မံ ကျူးလွန်လာခြင်းများ မရှိစေရန်အတွက် ပြန်လည် တုန့်ပြန် တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထပ်မံ၍  ပြည်သူလူထုနှင့် ပတ်သက်၍ နှောင့်ယှက်ထိပါး စေသော အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လာခြင်း၊ လုံခြုံရေးစခန်းများအား တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာပါက လိုအပ်သော ပြန်လည်တုန့်ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)