KNU, KNLA, KKO(ခွဲထွက်)နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ရပ်ကွက်၊ ကျေးရွာများအတွင်း လက်နက်ကြီးများ၊ Drone ယာဉ်ဖြင့် Drop Bomb များ အကြောင်းမဲ့ ပစ်ချတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ပြည်သူနှစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNU, KNLA, KKO(ခွဲထွက်)နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ရပ်ကွက်၊ ကျေးရွာများအတွင်း လက်နက်ကြီးများ၊ Drone ယာဉ်ဖြင့် Drop Bomb များ အကြောင်းမဲ့ ပစ်ချတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ပြည်သူနှစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိ



MNP ၊ နိုဝင်ဘာ ၄

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ် သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင် လျက်ရှိပါသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆိုပါကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျေးရွာနေ မောင်ဖြိုးခန့်ဇော်(၅)နှစ်အား လက်နက်ကြီးကျည် ပေါက်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိ ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ အမှတ်(၂)ရပ်ကွက်အတွင်းသို့ KNU၊ KTLA၊ KKO အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့က Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့သဖြင့် အဆိုပါ ရပ်ကွက်နေ ဒေါ်ငွေသန်း(၈၅)နှစ်နှင့် ဒေါ်အေးရီ(၄၀)နှစ်တို့၏ နေအိမ်ရှေ့သို့ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဒေါ်ငွေသန်းနှင့် ဒေါ်အေးရီတို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)