MNP ၊ နိုဝင်ဘာ ၁၄
လောက်ကိုင်မြို့၊ ညံခွမ်းအခြေစိုက် ခမရ (၁၂၉) နောက်တန်းရှိ လိုင်းခန်းနေရာအား MNDAA အကြမ်းဖက်အဖွဲ့ က နိုဝင်ဘာလ ၁၂ ရက်နေ့၌ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မှီခိုသူကလေးအယောက် ၄၈ ဦးကို ဖမ်းဆီးထားကာ ဓါးစာခံလုပ်၍ တပ်တပ်ရင်မှူးနှင့် အရာရှိစစ်သည်များကို ၎င်းတိုနဲ့ပူးပေါင်းရန် မပူးပေါင်းပါက ကလေးတွေကို သတ်ပစ်မယ်လို့ ပြောဆိုလာသဖြင့် အရာရှိ၊ စစ်သည်များက အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြောင်း သိရသည်။
MNDAA အကြမ်းဖက်သောင်းကျန်းသူများ သည် ကလေးငယ်များကို ဓားစာလုပ်၍ အရာရှိ၊ စစ်သည်များကို ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သော Khit Thit မှ ကိုးကန့်အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော ဒကစ (လောက်ကိုင်) လက်အောက်ခံတပ်ရင်း ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံးနှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ ညီနောင်မဟာမိတ် ၃ ဖွဲထံသို့ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ဝင်ရောက်လာခဲ့ကြကြောင်း ရေးသားဖော်ပြခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ပေါင်းများစွာသည် စစ်မျက်နှာပေါင်းစုံမှ နည်းမျိုးစုံဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးရခြင်း၊ အပြစ်မဲ့ ပြည်သူပေါင်းများစွာ အတိဒုက္ခရောက်ရသည့် အခြေအနေများ မြင့်တက်လာခဲ့ပြီး ပြည်သူများကြားတွင် အကြမ်းဖက် ဆန့်ကျင်ရေးလှုပ်ရှားမှုများ အရှိန်အဟုန် မြင့်တက်လာခဲ့ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ မိတ္ထီလာတို့တွင် KIA, MNDAA, TNLA, AA, PDF အကြမ်းဖက်အဖွဲ့များအား ပြတ်သားစွာ နှိမ်နင်းရန် တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment