PDF အကြမ်းဖက်သမားများက မြိုင်မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လက်လုပ် စိန်ပြောင်းများ၊ Drop ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ဆရာမ ၂ ဦးနှင့် ကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများက မြိုင်မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လက်လုပ် စိန်ပြောင်းများ၊ Drop ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ဆရာမ ၂ ဦးနှင့် ကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ


MNP ၊ နိုဝင်ဘာ ၁၅

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ များက စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့အရပ်သားပြည်သူများ သွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့  လက်နက်ကြီး၊ လက်လုပ် စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက် ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့် တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက မြို့၏ အနောက်တောင်ဘက်နှင့်အရှေ့ဘက် ငှက်ပျောတွင်းကျေးရွာတို့မှနေ၍ လက်လုပ် စိန်ပြောင်းများ၊ Drone များအသုံးပြု၍ Drop Bomb များဖြင့် မြို့ပေါ် ရပ်ကွက်များ အတွင်းသို့ ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးသီးများသည် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါဗုံးသီး ကျရောက်ပေါက်ကွဲမှု ကြောင့် ကျောင်းတွင် သင်ကြားရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် ကျောင်းဆရာမ ၂ ဦးနှင့် အသက် ၁၁ နှစ်နှင့် ၁၂ နှစ်အရွယ် ကျောင်းသူ ၂ ဦး စုစုပေါင်း ၄ ဦး ဗုံးသီးစ ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ကျောင်းဆောင် ၁ ဆောင်နှင့် မြို့နယ်ပြည်သူ့ဆေးရုံ၏ အမိုးသွပ်များ၊ မျက်နှာကြက်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မြိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)