MNP ၊ နိုဝင်ဘာ ၄
ရှမ်းပြည်(မြောက်ပိုင်း)တွင် အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက တပ်စခန်း၊ ရဲစခန်းများနှင့် အရပ်ဘက် ပစ်မှတ်များကိုပါ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြရာ အဆိုပါ တိုက်ခိုက်မှုတွင် NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ ပူးပေါင်းတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ပြည်ပြေး ဝရမ်းပြေးများ၏ ထုတ်ဖော်ပြောဆိုချက်များအရ မြောက်ပိုင်းသောင်းကျန်းသူ ၃ဖွဲ့ ဖြစ်သည့် MNDAA, TNLA, AA အဖွဲ့များနှင့်အတူ ဆူပူဆန္ဒပြမှုများကို ဦးဆောင်ခဲ့သည့် မောင်ဆောင်းခ ဦးဆောင်သည့် PDF အဖွဲ့များက ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်နေ့က အောင်ပွဲခံ ရေးထားထုတ်ဖော်ပြောဆိုမှုများ လုပ်ဆောင်ခဲ့သည်။
တပ်မတော်အနေဖြင့် အကြမ်းဖက်နှိမ်နင်းရေး စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြပြီး အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးတွင် AA အဖွဲ့ဝင် ၁၆ ဦးထက်မနည်း အသေဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရရှိခဲ့သည်။ TNLA သောင်းကျန်းသူ အဖွဲ့ဝင်များကိုလည်း အသေဖမ်းဆီးရမိသည့် ဓာတ်ပုံမှတ်တမ်းများ ထုတ်ပြန်ခဲ့သည်။ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်နေသည်ဟု ထုတ်ပြန်ခဲ့သော PDF အကြမ်းဖက်အဖွဲ့ဝင်များ ကျဆုံးပြီး အသုဘအခမ်းအနားလုပ်သည့် ဓာတ်ပုံများကိုလည်း ထုတ်ပြန်ခဲ့ကြသည်။
နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက "ပဒက်တွေက စစ်သွေးကြွတွေလို ဖြစ်နေတာဆိုတော့ ဘယ်သူကပဲ တိုက်ခိုင်း တိုက်ခိုင်း တိုက်မှာပဲ။ KIA က တိုက်ခိုင်းလည်း တိုက်မှာပဲ။ MNDAA က တိုက်မယ်လို့ အဖော်ညှိရင်လည်း တိုက်မှာပဲ။ လက်နက်ကိုင်အဖွဲ့တွေက အသုံးချလို့ရရင် အသုံးချမှာပဲလေ။ သူတို့ရဲ့ စစ်အင်အား၊ အသေခံအင်အား ရတာပဲ။ အကျိုးအမြတ် ရတဲ့သူလည်း ရမှာပေါ့ဗျာ။ အကျိုးအမြတ် ရတဲ့သူက လူတစ်စုပေါ့။ ပဒက်တွေကတော့ အသေဆိုးနဲ့ သေတဲ့ ရလာဒ်ပဲ ရှိပါလိမ့်မယ်။ အသုံးချခံ ဘဝတွေအတွက် အကျိုးရလာဒ်ကတော့ သေတွင်းထဲကို တန်းစီပြီးသွားရတဲ့ ရလာဒ်ပဲ ရှိပါလိမ့်မယ်။" ဟု ပြောသည်။
ရှမ်းပြည်(မြောက်ပိုင်း)တွင် မဟာမိတ် ၃ဖွဲ့က တိုက်ခိုက်မှုများ လုပ်ဆောင်လာပြီး ကချင်ပြည်နယ်တွင်လည်း KIA က လမ်းတံတားများကို ဖျက်ဆီးမှုများ လုပ်ဆောင်လာခြင်းကြောင့် တပ်မတော်က KIA ဌာနချုပ်ရှိရာ လိုင်ဇာရှိ လက်နက်ခဲယမ်း ထုတ်လုပ်၊ သိုလှောင်ရုံများကို ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment