SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ


MNP ၊ နိုဝင်ဘာ ၁၅

SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ (Working Committee) အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)ကို ယမန်နေ့က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က SME နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်-၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းအဆင့်-၁ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ် ခြောက်ဘဏ်မှတစ်ဆင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်အထိ SME လုပ်ငန်းရှင် ၆၀၄ ဦးသို့ ချေးငွေကျပ် ၁၃၈ ဒသမ ၁၄၈ ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါကြောင်း၊ စီမံကိန်းအဆင့်-၂ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ် ၁၁ ဘဏ်မှ တစ်ဆင့် ၂၀၂၃ခုနှစ် အောက်တိုဘာလကုန်အထိ SME လုပ်ငန်းရှင် ၁၇၇၃ ဦးသို့ ချေးငွေကျပ် ၃၃၉ ဒသမ ၁၇၉ ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါကြောင်း။

MSME နှစ်ဆင့် ချေးငွေများကို သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်ရေး၊ ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs)ကို အားပေးကူညီပြီး နိုင်ငံတော်အတွက် လိုအပ်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် MSME လုပ်ငန်းများသို့ ဆက်လက်ထုတ်ချေးနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် Working Committee အဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများနှင့် ညီညွတ်အကျုံးဝင်သည့် SME လုပ်ငန်းများသို့ အတိုးနှုန်းသက်သာသည့် ချေးငွေများ ထုတ်ချေးနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဘဏ်များက ချေးငွေများထုတ်ချေးရာတွင် ကြုံတွေ့ရသည့် အခြေအနေများကို စီမံကိန်းကြီးကြပ်ရေးအဖွဲ့က တင်ပြပြီး လုပ်ငန်းကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သော ငွေကြေးထောက်ပံ့မှုများကို ကူညီပံ့ပိုးပေးနိုင်ရန် SME နှစ်ဆင့်ချေးငွေစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)