ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်ကြီးတွင် ဥပ္ပါတသန္တိပါဠိတော်မြတ်ကြီး ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်ကြီးတွင် ဥပ္ပါတသန္တိပါဠိတော်မြတ်ကြီး ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ



MNP ၊ဒီဇင်ဘာ ၁၃

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဒီဇင်ဘာလ(၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ အရိယာဝါသဧတဒင်္ဂတန်ဆောင်းတော်ကြီး၌ ဥပ္ပါတသန္တိပါဠိတော်မြတ်ကြီး ရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ပဲခူးတိုင်းဒေသကြီး သာသနာရေဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဌေးလှိုင်နှင့် ဦးစီးဌာန ဝန်ထမ်းများ၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့များနှင့် ဧည့်ပရိတ်သတ်များ၊ ဘာသာရေးအသင်းအဖွဲ့များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဘုရားကြီးကျောင်းတိုက်၊ တိုက်အုပ်ဆရာတော်က တရားနာကြားရန်အတွက် သမ္မာဒေဝနတ်ဗြဟ္မာများအား ဖိတ်ကြားတော်မူသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဌေးလှိုင်နှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များက ပဲခူးမြို့ ရတနာသီရိန္နကျောင်း၊ တိုက်အုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ဥပ္ပါတသန္တိပါဠိတော်မြတ်ကြီးအား ကိုးသိန်းကျောင်းတိုက်ဆရာတော်မှ ဦးဆောင်၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက အလှည့်ကျ ရွတ်ဖတ်ပူဇော်ကြသည်။

အဆိုပါ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်းအား ဒီဇင်ဘာလ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကမ္ဘာသူ၊ ကမ္ဘာသားများနှင့် မြန်မာနိုင်ငံသူ/သားများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)