MNP ၊ဒီဇင်ဘာ ၂၆
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိုနှိုင်းအစည်းဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးဦးက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားနှင့်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ(၅)မျိုး၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့အခမ်းအနား စည်ကားစွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများက ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကြိုဆိုနေရာချထားရေးစသည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment