အကြမ်းဖက်သောင်းကျန်းသူတွေကို အားပေးနေမယ်ဆိုရင် မိမိနေတဲ့ နေအိမ်၊ မိမိကိုယ်တိုင်နေတဲ့ အသိုက်အမြုံကို မိမိကိုယ်တိုင်ဖျက်ဆီးပစ်နေခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်သောင်းကျန်းသူတွေကို အားပေးနေမယ်ဆိုရင် မိမိနေတဲ့ နေအိမ်၊ မိမိကိုယ်တိုင်နေတဲ့ အသိုက်အမြုံကို မိမိကိုယ်တိုင်ဖျက်ဆီးပစ်နေခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား




MNP ၊ ဒီဇင်ဘာ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆာင်၊ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ယမန်နေ့က KNLA ၊ PDF အကြမ်းဖက်သောင်း ကျန်းသူတွေက မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မှာရှိတဲ့ 230 KV ဓာတ်အားခွဲရုံကို Drop Bomb နဲ့ ပစ်ချတိုက်ခိုက်ခဲ့မှု၊ KNLA ၊ KNU ၊ PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ဒီနေ့မနက် ၃ နာရီခွဲလောက်မှာ ကျောက်တံခါးဘူတာကနေထွက်လာတဲ့ ရန်ကုန် - မန္တလေး အမှတ်(၆)အစုန် လူစီးအမြန် ရထားကို မိုင်တိုင်အမှတ်(၁၀၄)နဲ့(၁၀၃)နေရာမှာ ရထားလမ်းကို မိုင်းထောင်ဖောက်ခွဲခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အကြမ်းဖက်သောင်းကျန်းသူတွေကို အားပေးနေမယ်ဆိုရင် မိမိနေတဲ့ နေအိမ်၊ မိမိကိုယ်တိုင်နေတဲ့ အသိုက်အမြုံကို မိမိကိုယ်တိုင်ဖျက်ဆီးပစ်နေခြင်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။


ဗိုလ်ချုပ်ဇော်မင်းထွန်း က "KNLA ၊ PDF အကြမ်းဖက်သောင်း ကျန်းသူတွေက မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မှာရှိတဲ့ 230 KV ဓာတ်အားခွဲရုံကို Drop Bomb နဲ့ ပစ်ချတိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် ဓာတ်အားခွဲရုံမှာရှိတဲ့ ဓာတ်အားခွဲရုံသုံး ပစ္စည်းတွေ၊ အဆောက်အအုံတွေ ပျက်စီးခဲ့တာရှိပါတယ်။ အဲဒါကြောင့် သင်္ကန်းညီနောင်-မြဝတီဘက်မှာတော့ လျှပ်စစ်ဓာတ်အားပေးပို့မှု ပြတ်တောက်လျက်ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးစဉ်းစားကြည့်ရင် လျှပ်စစ်ဓာတ်အားဆိုတာက အဲဒီဒေသမှာရှိတဲ့ ပြည်သူ လူထုကသုံးစွဲတာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဒဏ်ကို ပြည်သူလူထုဘဲ ခံရတာဖြစ်ပါတယ်။ သောင်းကျန်းသူတွေအနေနဲ့ကတော့ ဒါတွေကိုထည့်တွက်မှာမဟုတ်ပါဘူး။ သူတို့ရဲ့လိုလားချက်က သူတို့ရဲ့ဘဏ္ဍာငွေရရှိရေး၊ အကြောက်တရားနဲ့ခြိမ်းခြောက် ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝပျက်စီးစေရေး ဒါတွေကိုဘဲ သူတို့ဆောင်ရွက်မှာဖြစ်ပါ တယ်။ လျှပ်စစ်ဓာတ်အားဆိုတာက ဘယ်အစိုးရဘဲတက်တက် ပြည်သူတွေသုံးစွဲတာဘဲ ဖြစ်တယ်။ ပြည်သူတွေအတွက် အစိုးရအဆက်ဆက်က လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ပြောရမယ်ဆိုရင် အဲဒီဒေသတွေမှာ KNLA ၊ KNU အကြမ်းဖက်သောင်းကျန်းသူ တွေရဲ့ အမျိုးအဆွေတွေပါ အဲဒီမြို့နယ်တွေမှာနေတာဘဲဖြစ်ပါတယ်။ သူတို့ဘဲသုံးစွဲနေတာ ဖြစ်ပါတယ်။ သူတို့လည်းသုံးစွဲနေတာဖြစ်ပါတယ်။ ဒီလိုမျိုးဖျက်စီးခဲ့တဲ့ဖြစ်စဉ်ပေါင်း မြောက်များစွာရှိပါပြီ။ လျှပ်စစ်တာဝါတိုင်တွေကို မိုင်းထောင်ဖောက်ခွဲတာတွေ၊ ဓာတ်အား ခွဲရုံတွေကို ဖျက်ဆီးတာတွေ၊ ကျွန်တော်တို့နိုင်ငံမှာ လျှပ်စစ်ဓာတ်အားနဲ့ပတ်သက်ပြီး လိုအပ်ချက်ရှိနေတဲ့ကြားမှာ ဒီလိုဆောင်ရွက်တဲ့ကိစ္စတွေက ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ရမယ့် လုပ်ငန်းတွေဖြစ်ကြောင်း ပြောလိုပါတယ်။" ဟု ရှင်းလင်းပြောဆိုသွားခဲ့သည်။


KNLA ၊ KNU ၊ PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ဒီနေ့မနက် ၃ နာရီခွဲလောက်မှာ ကျောက်တံခါးဘူတာကနေထွက်လာတဲ့ ရန်ကုန် - မန္တလေး အမှတ်(၆)အစုန် လူစီးအမြန် ရထားကို မိုင်တိုင်အမှတ်(၁၀၄)နဲ့(၁၀၃)နေရာမှာ ရထားလမ်းကို မိုင်းထောင်ဖောက်ခွဲခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် "ရထားစက်ခေါင်းနဲ့အတူလူစီးတွဲသုံးတွဲ လမ်းချော်မှုဖြစ်ပွားခဲ့ပါတယ်။ လမ်းခရီးမှာ ခရီးသည်စုစုပေါင်း(၉၀၀)ဦးလောက် လမ်းခရီးကြန့်ကြာမှုအခက်အခဲများ ဖြစ်ပေါ်ခဲ့ပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာ့မီးရထားအနေနဲ့ အချိန်နဲ့ တစ်ပြေးညီ ပြုပြင်မွမ်းမံမှုများဆောင်ရွက်လျက်ရှိပါတယ်။ ခရီးသည်တွေအတွက်အဆင် ပြေအောင် ထမင်းဘူးတွေဝေငှပေးတာတွေ၊ သောက်သုံးရေအဆင်ပြေအောင် ဆောင်ရွက် ပေးတာတွေ ဆောင်ရွက်ခဲ့ရပါတယ်။" ဟု ရှင်းလင်း ပြောဆိုသွားခဲ့သည်။


ရထားလမ်းဆိုတာက တိုင်းပြည်ရဲ့ကုန်စည်ပို့ ဆောင်ရေး၊ တိုင်းပြည်ရဲ့အခြေခံလူတန်းစားတွေ အများဆုံးအသုံးပြုကြတဲ့ ပို့ဆောင် ဆက်သွယ်ရေးလမ်းကြောင်းဖြစ်ပါကြောင်း၊ ဒီလိုဟာတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ က နေစပြီး ဒီနေ့အထိ ရထားလမ်းတွေ၊ ရထားဘူတာတွေကို မိုင်းထောင်၊ မိုင်းခွဲဖျက်စီးတာ (၁၂၉)ကြိမ်ရှိပြီဖြစ်ကြောင်း၊ တံတားတွေကို မိုင်းထောင်၊ မိုင်းခွဲဖျက်စီးတာ(၄၆)ကြိမ် ရှိပြီဖြစ်ကြောင်း၊ ပြည်သူ လူထုရဲ့လူမှုစီးပွားဘဝ၊ နိုင်ငံတော်ရဲ့အခြေခံအဆောက်အဦတွေကို အခြေခံကျကျဖျက်စီးနေခြင်း ဖြစ်ကြောင်း၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးရုံ၊ ဆေးခန်းပေါင်း (၅၅) ခုကို မီးရှို့ဖျက်ဆီးတာ၊ မိုင်းထောင်ဖောက်ခွဲ တာတွေလုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူလူထုရဲ့ပညာရေးဖြစ်တဲ့ စာသင်ကျောင်းတွေနဲ့ ပညာရေးနဲ့ ပတ်သက်တဲ့အဆောက်အအုံ(၇၇၃)လုံးကို ဖျက်ဆီးခဲ့တယ်၊ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း၊ ဒါ့အပြင် တစ်ချို့နေရာတွေမှာဆိုရင် စာသင်ကျောင်းတွေကို သူတို့ရဲ့စစ်ရေးအရအသုံးပြု ပြီး သင်တန်းကျောင်းတွေလုပ်တာတွေ၊ စစ်‌ရေးအရအသုံးပြုပြီး စာသင်ကျောင်းထဲမှာ ဘန်ကာတွေဆောက်၊ ဆက်သွယ်ရေးမြောင်းတွေတူးပြီး စစ်စခန်းအဖြစ်အသုံးပြုခဲ့တာ တွေ အကြိမ်ကြိမ်ရှိပြီးဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။

ဒါတွေက တိုင်းပြည်ရဲ့ယခုလက်ရှိ ပ္ပစ္စုပ္ပန်ကာလကိုရော၊ အနာဂတ်ကာလကိုရော ဖျက်ဆီးပစ်နေတာဖြစ်သဖြင့် ဒါတွေကို ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကြဖို့လိုအပ်ကြောင်း၊ ဒီလိုမှမဟုတ်ဘဲနဲ့ အကြမ်းဖက်သောင်းကျန်းသူတွေကို အားပေးနေမယ်ဆိုရင် မိမိကိုယ်တိုင် နေတဲ့နေအိမ်၊ မိမိကိုယ်တိုင် နေတဲ့အသိုက်အမြုံကို မိမိကိုယ်တိုင်ဖျက်ဆီးပစ်နေတာနဲ့တူတယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)