ပေါင်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ နတ်သျှင်(ရွှေဂူ)ရေးသားသည့် လူငယ်များ ကိုပျိုးထောင်ပေးပါစာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ နတ်သျှင်(ရွှေဂူ)ရေးသားသည့် လူငယ်များ ကိုပျိုးထောင်ပေးပါစာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်

MNP ၊   ဒီဇင်ဘာ    ၁၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန နှင့်စာပေချစ်မြတ်နိုးသူအသင်း(Book Club)၊ လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍  စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသည့်  လူငယ်များ ကိုပျိုးထောင်ပေးပါ   စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၁၁)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)၌  ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ  ဒေါ်တင်ဇာစိုး ကစာဖတ်ဝိုင်းပြုလုပ်သည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  (Book Club) အဖွဲ့ဝင် ဦးအောင်မြင့်က     လူငယ်များကိုပျိုးထောင်ပေးပါ၊  အကြောင်းကိုလည်းကောင်း၊    (Youth Club) အဖွဲ့ဝင် မင်းရန်အောင် က ပုံပြင်ထဲကဓမ္မသင်ခန်းစာအကြောင်းကိုလည်းကောင်း၊(Youth Club) အဖွဲ့ဝင်မင်းကျော်လင်းဦး က နောင်တရမှာမကြောက်ပါနဲ့ကိုလည်းကောင်းစသည့်ခေါင်းစဉ်တို့ ကို ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြ သူများက သိလိုသည်များကိုပြန်လည်မေးမြန်းခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲများကိုဆောင်ရွက်ခြင်းဖြင့် လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊စာဖတ်ခြင်းဖြင့်အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်၊အစုအဖွဲ့အတွင်းပါဝင်ဆွေးနွေးတတ်သည့်အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)