တောင်ကုတ်မြို့၌ သမိုင်းဝင်ကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်ရင်ပြင်သန့်ရှင်းရေးစုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ သမိုင်းဝင်ကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်ရင်ပြင်သန့်ရှင်းရေးစုပေါင်းဆောင်ရွက်

  




MNP  ၊ ဒီဇင်ဘာ ၁၆

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီခွဲအချိန်တွင် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ တောင်ကုတ်တပ်နယ်မှ အရာရှိ နှင့် စစ်သည် များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ သမိုင်းဝင်ကျက် သရေဆောင် ဖောင်တော်ဦးစေတီတော်နှင့်ရင်ပြင်သန့်ရှင်းသာယာလှပရေး စုပေါင်း‌ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊တောင်ကုတ် တပ်နယ်မှအရာရှိနှင့်စစ်သည်များ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း ၍ ဖောင်တော်ဦးစေတီနှင့်ရင်ပြင်သန့်ရှင်းရေးဆောင်ရွက်ခြင်း ၊ ပန်းများလဲလှယ်ခြင်းများကို ဆောင်ရွက်ခဲ့ ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ ၊တောင်ကုတ်တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး အောင်ဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)