MNP ၊ ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စိတ်အပန်းဖြေ ပျော်ရွှင်စေရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေး နှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၊ အမှတ်(၂) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (အဖွဲ့ငယ်) မှ လာရောက်ကပြဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၇ နာရီမှ စတင်၍ အမှတ်(၅၁၄) ခြေမြန်တပ်ရင်း ခန်းမ၌ ကပြဖျော်ဖြေခဲ့သည်။
အဆိုပါ ကပြဖျော်ဖြေပွဲတွင် အမှတ်(၂)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(အဖွဲ့ငယ်)မှ ဗိုလ်ကြီးဝေဦးအောင် ဦးဆောင်သော အနုပညာရှင် စစ်သည်၊ စစ်သမီးတို့မှ ခေတ်ပေါ်၊ ခေတ်ဟောင်းတေးသီချင်းများ ၊ တစ်ခန်းရပ်ပြဇာတ်များ ၊ အငြိမ့်အစီအစဉ်များ၊ သုတ/ရသ မျက်လှည့်ပညာများဖြင့် ခင်မင်ရင်းနှီးစွာ ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ နယ်မြေခံနည်းဗျူဟာမှူး ဗိုလ်မှူးကြီးဇင်အောင် ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသန်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မြို့မိမြို့ဖများ ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ၊ ဒေသခံတိုင်းရင်းသားပြည်သူများက လာရောက်ကြည့်ရှုအား ပေးပြီး ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)
https://t.me/MyanmarNationalPost
No comments:
Post a Comment