MNP ၊ ဒီဇင်ဘာ ၁၆
၂၀၂၃- ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့မှ ဒီဇင်ဘာလ(၁၅)ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့သည့် U-18 အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် ရွှေတံဆိပ်(၃)ဆု၊ငွေတံဆိပ်(၂)ဆု၊ကြေးတံဆိပ်(၂)ဆုဖြင့် ထူးချွန်ဆုများ အသီးသီးရရှိခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် ကျောင်းသား/သူ အားကစားသမားများအား ယနေ့မွန်းလွဲပိုင်းအချိန်က အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးဒေါက်တာချိုချိုမြအောင်နှင့်ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ်ကြီးများက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် အောက်ကြည့်မြင်တိုင်လမ်းရှိ တိုင်းဒေသကြီးပညာရေးမှူးရုံး၌ သောင်းသောင်းဖြဖြ အားပေးကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
အဆိုပါ U-18 အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင်ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် ကျောင်းသား/သူ အားကစားသမား စုစုပေါင်း(၁၁၂)ဦးတို့က အားကစားနည်း(၇)မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ဆု၊အမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ဆု၊ အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ဆု၊ အမျိုးသားပိုက် ကျော်ခြင်းပြိုင်ပွဲတွင် ငွေတံဆိပ် (၁)ဆု၊ အမျိုးသမီး ပြေးခုန်ပစ် မီတာ(၃၀၀၀) ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ဆု၊ အမျိုးသား ပြေးခုန်ပစ် မီတာ(၅၀၀၀) ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ဆု၊ အမျိုးသမီး အမြင့်ခုန်ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ဆု စုစုပေါင်း ထူးချွန်ဂုဏ်ပြုဆုတံဆိပ်(၇)ဆုကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment