စလင်းမြို့ စည်ပင်သာယာမြို့မဈေးကြီး အတွင်းအပြင်ရောင်းချလျက်ရှိသည့် မုန့်ဆိုင်များအား စားသုံးရန်မသင့်သော အစားအသောက်(၃)မျိုးအား ဈေးကွက်အတွင်း ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့ စည်ပင်သာယာမြို့မဈေးကြီး အတွင်းအပြင်ရောင်းချလျက်ရှိသည့် မုန့်ဆိုင်များအား စားသုံးရန်မသင့်သော အစားအသောက်(၃)မျိုးအား ဈေးကွက်အတွင်း ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး



MNP ၊ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ စည်ပင်သာယာမြို့မဈေးကြီး အတွင်းအပြင်  ရောင်းချလျက်ရှိသည့်မုန့်ဆိုင်  ကုန်စုံဆိုင်များအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးဆန်းလင်းမောင်နှင့် ဝန်ထမ်းများ  ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်(၃)မျိုးအား ဈေးကွက်အတွင်းရောင်းချမှု  မရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် အစားအသောက်ကုန်ပစ္စည်းများကို ရေနံချောင်းမြို့မဈေးနှင့် နတ်မောက်မြို့မဈေးတို့မှ အစားအသောက်နမူနာ(၁၅)မျိုးကို ဈေးကွက်ကောက်ယူ၍ နေပြည်တော်ဓာတ်ခွဲခန်းသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးခဲ့ရာ အစားအသောက်(၃)မျိုးတွင် တားမြစ်ဓာတုပစ္စည်းများ လွတ်ကဲစွာပါဝင်နေကြောင်း တွေ့ရှိခဲ့သည်။ စားသုံးရန်မသင့်သည့်  အစားအသောက် ကုန်ပစ္စည်း(၃)မျိုးမှာ ဂျယ်လီအညိုရောင်၊ ဂျယ်လီအနီရောင်နှင့် တော်ဝင်အမှတ်တံဆိပ်ပါ သစ်သီးယိုစုံတို့မှာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်အတွက်  ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုရန် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ  ထိရောက်စွာ  အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)