MNP ၊ ဒီဇင်ဘာ ၂၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ရေရှည်တည်တံ့သော လူထုအခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံမှုကြမ်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကားပြေားကြားပြီး မြစ်ကြီးနားမြို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်နယ် ညွှန်ကြားရေးမှူး ဦးခိုင်ဦးက အင်းတော်ကြီးဒေသနှင့် ကချင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းအခြေအနေ အကြောင်းအရာများနှင့်ပတ်သက်၍ ဟိုတယ်များတွင် အမှန်တကယ်ဖြစ်ပေါ်နေသည့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် ဧည့်ကြိုသင်တန်းများ၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်းများနှင့် အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးရေးသင်တန်းများ စသည်တို့ကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် အင်းချစ်သူ လူမှုဖွံ့ဖြိုးရေးနှင့် သဘာဝအခြေခံခရီးသွားဝန်ဆောင်မှုအသင်း တာဝန်ခံ ဦးဇွဲဇော်ဇော်ဟိန်းက အင်းတော်ကြီးဒေသ ရေရှည်တည်တံ့သော လူထုအခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ အစီအစဉ်မူကြမ်းရေးဆွဲရခြင်း အကြောင်းအရာများနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို စတင်ဆွေးနွေးပြောကြားပြီး ခရိုင်/မြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ပါဝင်ဆွေးနွေး ပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် လူထုအခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ခရီးသွားဧည့်သည်များ ယခင်နှစ်ထက် ပိုမိုသွားလာနိုင်ရေးနှင့် စိတ်အပန်းဖြေနိုင်ရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ အသီးသီး အကြံပြု ဆွေးနွေးပြောကြားခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment