တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်



MNP  ၊  ဒီဇင်ဘာ  ၂၃

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေး   ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့တွင် အလံတင်အခမ်းအနား၊ လွတ်လပ်ရေးနေ့အခမ်းအနားများအပြင်ပြခန်းများ၊ ဒေသမှထွက်ရှိသော MSME နှင့်ပတ်သက်သောပြခန်းများ၊ သစ်သီးဝလံ ပန်းမံပြိုင်ပွဲ၊မွေးမြူရေးပြိုင်ပွဲ၊ စံပြမိခင်နှင့်ကလေးပြိုင်ပွဲ၊ ဈေးရောင်းပွဲများ၊ အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဖျော်ဖြေအစီအစဉ်များဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့အခမ်းအနားအား စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြား သည်။

ထို့နောက် ကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး၊ စစ်ရေးပြ၊ ကြိုဆိုနေရာချထားရေးနှင့်ပို့ဆောင်ရေး၊ စစ်ရေးပြလုပ်ငန်း၊ လုံခြုံရေးနှင့်စည်းကမ်း ထိန်းသိမ်းရေး၊  ပြခန်းများခင်းကျင်းပြသရေး၊  သစ်သီးဝလံပန်းမံများပြိုင်ပွဲကျင်းပရေး၊  မွေးမြူရေး ပြိုင်ပွဲ၊ စံပြမိခင်နှင့်ကလေးပြိုင်ပွဲ၊  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ ပျော်ပွဲရွှင်ပွဲ နှင့်အားကစားပြိုင်ပွဲများကျင်းပရေးစသည့် လုပ်ငန်းကော်မတီ အလိုက်ရှင်းလင်း ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးသည်။

(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများတွင် ဌာနဆိုင်ရာများ၏လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှုပြကွက်များနှင့်မှတ်တမ်းဓါတ်ပုံများ၊ မှတ်တမ်း မှတ်ရာပစ္စည်းများနှင့် လုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသောဒေသထွက်ကုန်များ၊ တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများနှင့် တူရိယာပစ္စည်းများအား ခင်းကျင်းပြသပေးမည့်အပြင် လာရောက်ကြည့်ရှုသော ပြည်သူလူထုများအား ကျန်းမာရေးဌာနပြခန်းက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ၄ ရက်နေ့နှင့် ၅ရက်နေ့ညပိုင်းတို့တွင် ဖျော်ဖြေရေး အစီအစဉ်များပါရှိကြောင်းကို သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)